မြတ်သိန်းကား မြတင့်နှင့် တစ်မိုးအောက်ထဲ အတူနေထိုင်ပါရန် သိမ်ငယ်၍ နေမိသောကြောင့် ဖြစ်ပါ၏။ သူသည် မြတင့်အား အသက်တမျှ ချစ်မြတ်နိုးရလေသည်။ မြတင့်သည်သာ သူ့အတွက် ထာဝရဖြစ်ရပါ၏။ သို့သော် သူ့ထံတွင် သတ္တိတို့ မရှိခဲ့ပါ။

အဘယ်သောသတ္တိမျိုး ဖြစ်ရပါမည်နည်း။

သူ၏ ချစ်ခြင်းမေတ္တာများအား မြတင့်ထံတွင် ဖွင့်အံပြရန်သော သတ္တိပင်ဖြစ်ရပါ၏။ ဖြစ်ခဲ့ရပါ၏။

သူသည် ခြံစောင့်ကောင်လေးသက်သက်မျှသာ။ ထို့ထက်မက ဆက်၍တွေးကြည့်သော် မြတင့်၏ ခြံစောင့်ကလေး။ သူ မြတ်နိုးကာ ချစ်ရပါသည်ဆိုသည့် မြတင့်က သူ့အား လစဉ်လတိုင်း တစ်ရာသောငွေအား အသုံးစရိတ်အဖြစ် ထုတ်ပေးနေသောသူ ဖြစ်ရသည်လေ။

သူဟာ မြတင့်အား မှီခို၍ နေရသူ။ သူ့မှာ ပိုပိုလျှံလျှံရှိသည့်အရာဟူ၍ တစ်ခုသာ ရှိသည်။ ထိုသည်မှာလည်း အချစ်များသာ ဖြစ်ရ၏။ သူသည် မြတင့်၏ အကြောင်းအား အကုန်နီးပါးသိနေပါသေးသည်။ မြတင့်သည် ကောင်းလှပါသည်ဟူသည့် စီးကရက်နှင့် ဝီစကီကိုသာ သောက်ခဲ့သည်ချည်း။ ဈေးကြီးလှပါသည်ဟူသည့် အဝတ်အထည်များကိုသာ ဝတ်ခဲ့သည်ချည်း။ မြတင့် ပန်ဆင်တဲ့ နားကပ်များနှင့် လည်ဆွဲများဟာလည်း အရောင်စုံလှပါ၏၊ တောက်ပြောင်လွန်းလှပါ၏။ ရေမွှေးဆိုသည့်ဟာမှာလည်း တန်ဖိုးကြီးလှပါ၏။

ထို့အပြင် မြတင့်၏ ကိုယ်နေဟန်ထား၊ လှုပ်ရှားမှုများဟာလည်း အထက်တန်းဆန်လှပါချည့်ရဲ့။

ထိုအရာများအတွက် မြတ်သိန်းမှာ မတတ်နိုင်ရှာခဲ့၊ မတတ်နိုင်ရှာမြဲ။ မြတ်သိန်းမှာ သူ မဖြည့်ဆည်းပေးနိုင်ရှာသည့် အရာအားလုံးအတွက် သိမ်ငယ်နေခဲ့ရစမြဲ။ တစ်ခါခါတော့ သူ တွေးမိပါသည်။ သူ မြတင့်အား ထားပစ်ခဲ့လိုက်မည်ဟူ၍။ သူ ထွက်သွားမည်။ မြတင့်ဟူသည့် ပန်းလှလှကလေးထံမှ သူ အဝေးဆုံးကို ထွက်သွားပစ်လိုက်မည်။ ပြီးလျှင်တော့ သူ ကြွယ်ဝချမ်းသာလာရမည်။

အရာအားလုံးရဲ့ နောက်ဆုံးမှာတော့ သူ မြတင့်ကို သတ္တိရှိစွာဖြင့် ဖွင့်ပြောမည်လေ။

မြတင့်(ပြန်လည်ရှင်သန်ခြင်း)Where stories live. Discover now