၃၆

106 9 1
                                    

[Unicode]

🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧

(အပိုင်း-၃၆)

🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧

"မွေ့ရယ် နားနားနေနေ နေပါဆိုကွာ..."

အေပရွန်ကြီး မဝတ်စဖူးဝတ်လျက် ဘာတွေချက်နေမှန်းမသိတဲ့ နေနေက မွေ့ကို မြင်တာနဲ့ မချိတင်ကဲရေရွတ်တယ်။

နေနေ့ရဲ့တစ်ချက်လွတ်စကားအရ မွေ့ကော သူကော ဒီနေ့ အလုပ်မသွားကြပါ။မွေ့ကို အိမ်မှာ အနားယူရမည်ဟုဆိုကာ သူပါအလုပ်မသွားပဲ မွေ့ စားဖို့ဆိုပြီး မနက်ကတည်းက ချက်နေတာပင်။

"ငါ့ခါးကသက်သာနေပါပြီဆို၊အိပ်ရာပေါ်ချည်း လှဲနေရတာ ပျင်းတယ်၊ဒါနဲ့ ဘာတွေချက်နေတာလဲ မောင်၊"

"ကြက်သားဆန်ပြုတ်လေ ကျက်တော့မလားမသိဘူး၊"

မွေ့လည်း နေနေ့အနားရောက်သွားရပြီး ဆန်ပြုတ်ဆိုတဲ့အိုးကိုမြင်တော့ မျက်လုံးပင် ဝိုင်းသွားရတယ်။

ဘုရားရေ ဒါက ကြက်သားဆန်ပြုတ်။ထမင်းပင်ဖြစ်လုဖြစ်ခင် ဆန်စေ့တွေရယ်၊ကြက်သားအတုံးလိုက် အတစ်လိုက်တွေရယ်နဲ့။မောင်ကတော့လေ။

"မောင်ရယ် အပင်ပန်းခံလို့..."

ကိုယ်ချစ်ရသူက ကိုယ့်အတွက်ဆိုပြီး တကူးတကအပင်ပန်းခံလုပ်နေတာကို အပြစ်တင်ဝေဖန်စကားတော့ မွေ့ လုံးဝမပြောပါ။သူကိုယ့်ကို ဂရုတစိုက်ရှိနေတာနဲ့တင် ကျေနပ်နေလို့။

"ဒါပေမယ့် စားကောင်းမယ်တော့ သိပ်မထင်ဘူး မွေ့ရယ်၊ဘယ်လိုလုပ်ကြမလဲ၊အပြင်သွားစားကြမလား၊"

"မောင့်သဘောလေ..."

"ဒါဆို အဲ့လိုပဲလုပ်ကြမယ်၊ဒဏ်ရာရထားတဲ့သူကို မကောင်းမကန်းတွေတော့ မစားစေချင်ပါဘူး၊"

"ငါက မောင်ချက်ကျွေးတာနဲ့တင် ကျေနပ်နေပါပြီ ဘာဖြစ်နေနေ၊"

"နောက်မှ သေချာချက်ကျွေးပါ့မယ်၊အခုတော့ အပြင်မှာပဲစားတော့၊"

မောင့်ရဲ့စိတ်ကို မွေ့ တကယ်မှန်းမရနိုင်ပါ။မောင်က မွေ့ကိုသိပ်မုန်းတယ်ဆိုပေမယ့်လည်း သူမထင်ရင်မထင်သလို ကြင်နာတတ်သေးပြန်တယ်။

မြစ်နှစ်စင်းရဲ့အဏ္ဏဝါ(မြစ်နှစ်စင်းရဲ့အဏ္ဏဝါ)Where stories live. Discover now