၁၆

184 15 7
                                    

[Unicode]

🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧

(အပိုင်း-၁၆)

🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧

"ဟင် မွေ့...နဖူးက ဘာဖြစ်တာလဲ၊"

ကျောင်းတက်ချိန်မရောက်သေးတာမို့ လှေကားကနေ နေကြည် ဆင်းလာခိုက် အဆောင်ပေါ်တက်လာတဲ့ မွေ့သံလွင်နဲ့ လှေကားမှာဆုံလေတယ်။

မြင်လိုက်ရတဲ့ မွေ့ရဲ့နဖူးမှ အနာကပ်ပလာစတာကြောင့် မေးကြည့်တော့ မွေ့က ခပ်ရေးရေးလေးပြုံးကာ...

"မနေ့က ဆရာနဲ့ဆိုင်ကယ်လ်စီးသင်တာလေ၊အဲ့ဒါ လဲတာ၊"

"ဖြစ်မှဖြစ်ရလေကွာ၊ခေါင်းမူးနေမှာပေါ့၊ဒီတစ်ရက်လောက် နားလိုက်တာမဟုတ်ဘူး၊"

"ငါကျောင်းမလာရင် မင်းကိုမတွေ့ရပဲနေမှာပေါ့ နေနေ၊"

နေကြည်မှာ ပြောစရာစကားမဲ့ရတယ်။

"လက်လည်း နည်းနည်းထိသွားတယ်၊"

နေကြည် ကြည့်လိုက်တော့ မွေ့ရဲ့တံတောင်နှစ်ဖက်မှာလည်း ပလာစတာတွေနဲ့။နေကြည် ဘာတွေးမိသလဲဆိုရင် မွေ့သံလွင်က ဒဏ်ရာတွေနဲ့တောင်မှပဲ ဆွဲဆောင်မှုရှိနေဆဲပင်။

"ပေးပေး စာအုပ်တွေ ငါကူသယ်မယ်၊"

နေနေက မွေ့ရဲ့လက်ထဲမှ စာအုပ်တွေကို သူ့ဗီဇအတိုင်း သူ့ဘာသာသူပင်ပြောကာ ယူပြီး သယ်ကူ၏။မွေ့လည်း ပြုံးကာ နေနေနဲ့အတူ စာသင်ခန်းဆီ တက်လာခဲ့လိုက်တယ်။

အမှုန်အမွှားလေးပဲဖြစ်ဖြစ် ငါ့ကိုဂရုစိုက်ပေးလို့ ကျေးဇူးပါ နေနေ။

"ဪ နေကြည်...လုပ်ပါဦး ညွှန်း ဗိုက်အောင့်နေလို့တဲ့၊"

မွေ့တို့ စာသင်ခန်းနားမရောက်ခင်မှာပင် ညွှန်းစစ်တောင်းရဲ့သူငယ်ချင်းတစ်ယောက်က အပြေးလေးရောက်လာကာ နေနေ့ကိုပြောတယ်။

"ဘာ! မွေ့ ရော့..."

နေနေက ချက်ချင်းပင် မွေ့ရဲ့စာအုပ်တွေကို မွေ့လက်ထဲ ထိုးထည့်ပေးခဲ့ကာ စာသင်ခန်းဆီကို သုတ်ချေတင်လေရဲ့။မွေ့ ရင်ထဲက ကြည်နူးမှုလေး ပျောက်ပျက်သွားသလို ရင်ထဲဆစ်ခနဲ။

ညွှန်းဆိုတဲ့အသံလေးကြားတာနဲ့တင် တွေဝေစဉ်းစားခြင်းမရှိ ပြေးသွားတဲ့ နေနေ့ကိုမြင်ရတာ ရင်နာလိုက်တာ။

မြစ်နှစ်စင်းရဲ့အဏ္ဏဝါ(မြစ်နှစ်စင်းရဲ့အဏ္ဏဝါ)Opowieści tętniące życiem. Odkryj je teraz