369 31 21
[Unicode]
🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧
(အပိုင်း-၂)
🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧
ရေကြည် ခုမှသတိထားမိတယ်။မနေ့က ပထမဆုံးနေ့မို့ လူတွေကိုသေချာမကြည့်မိပေမယ့် မွေ့သံလွင်ဆိုတဲ့ကောင်လေးက ဆရာစားပွဲနဲ့အနီးဆုံး ရှေ့ဆုံးတန်းမှာ ထိုင်တာပဲ။
စာရှင်းပြနေချိန်ဆို မျက်တောင်တစ်ချက်မခတ်ပဲ Whiteboardမှာသာ အာရုံရှိတဲ့ မွေ့သံလွင်။အာရုံစူးစိုက်မှုအားကောင်းတဲ့တပည့်တွေဆို ရေကြည် သဘောကျတာမို့ ပြုံးမိတယ်။
ကိုယ်စာသင်နေတာကို ဂရုမစိုက်ပဲ လုပ်ချင်တာလုပ်နေတဲ့သူဆို...ဆို...ဟင်!
"ညွှန်းစစ်တောင်း!!"
"ဗျ!"
ကြည့်စမ်း ကြည့်စမ်း။တွေးလို့မှမဆုံးသေးဘူး။ရေကြည် အကြည့်တို့က နောက်ဆုံးတန်းကိုအရောက် ရေကြည် မမြင်ဘူးအထင်နဲ့ မုန့်တစ်ခုကိုပါးစပ်ထဲ ထိုးထည့်ဖို့ပြင်နေတဲ့ ညွှန်းစစ်တောင်းနဲ့ တန်းတိုးတော့တာပဲ။
ရေကြည်က ခေါ်လိုက်တော့ မုန့်က အောက်ပြုတ်ကျသွားသလို အလန့်တကြားလည်း ထရပ်ပြန်၏။တစ်တန်းလုံးရဲ့အကြည့်တွေကလည်း သူ့ဆီကိုဒိုင်းခနဲ။
"အဲ့ဒါဘာလုပ်နေတာလဲ၊ဒီမှာ ငါစာရှင်းပြနေတာကို၊"
"ဟိုဒင်းလေ ဆရာ...အဲ့ ဟို..."
"ခုမှပထမဆုံးစာသင်ချိန်ကို ဘာကိစ္စနဲ့ မုန့်ခိုးစားနေရတာလဲ၊ဟမ်! မင်းက ငါ့ကို ဆရာအသစ်ဆိုပြီး မလေးမစားလုပ်တာလား!"
ရေကြည်က ပိတ်အော်ကာ ဆူလိုက်တော့ သွားဖြီးနေတဲ့ကောင်ကလေးဟာ ချက်ချင်းပဲ တည်သွားပြီး မျက်နှာလေးက ရုတ်တရက်ညှိုးကျသွားကာ...
"ဗိုက်ဆာလို့ပါ ဆရာ၊"
"ဗိုက်ဆာတယ်? ခုမှအတန်းစချိန်ကို၊ဘာလဲ မင်းအိမ်က မင်းကို မနက်စာမကျွေးလိုက်ဘူးလား၊"
"ဆရာ ညွှန်းက..."
ညွှန်းစစ်တောင်းရဲ့နံဘေးက ကောင်လေးက တစ်ခုခုဝင်ပြောဖို့ကြိုးစားပေမယ့် ညွှန်းစစ်တောင်းကပင် ထိုကောင်လေးရဲ့ပုခုံးကို ဆုပ်ကိုင်ရင်း...