၂၅

182 13 5
                                    

[Unicode]

🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧

(အပိုင်း-၂၅)

🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧

///ဝုန်းးး///

"အ!"

စောင့်တွန်းခံလိုက်ရတာမို့ အခန်းနံရံနဲ့တိုက်မိသွားရကာ လက်မှာ အောင့်မျက်သွားရ၏။မွေ့လည်း နေနေ့ကို မော့ကြည့်မိတော့ ဒေါသကြောင့် နီမြန်းနေတဲ့ နေနေ့မျက်ဝန်းအစုံဟာစူးရှကာ ကြောက်စရာအတိ။

"မင်းအရမ်းလွန်မလာနဲ့ မွေ့သံလွင်!"

"ငါ့ယောက်ျားကို သူများနောက်ပါသွားမှာစိုးတာ ငါလွန်လား၊"

"ငါ့ယောက်ျား? သူများနောက်ပါ? အဟား...$ရူးပဲ မင်းက၊မင်းငါ့ကို ညွှန်းဆီကနေ ဘယ်လိုလုယူခဲ့သလဲ မေ့နေတာလား ဟမ်!!"

"အ!"

ပြောရင်း မွေ့ရဲ့ပါးကို ပါးစပ်ကနေ အားနဲ့အကြမ်းပတမ်း ဆွဲညှစ်လာတာမို့ မွေ့မှာ နာကျင်ကာ မျက်ရည်များပင်ဝဲရ။

"မှတ်ထား $ဦးနှောက်ပါရင်၊ငါ့ဘဝမှာ သေတဲ့အထိချစ်သွားမှာ ညွှန်းပဲရှိတယ်၊သူ့ကိုပြန်ရဖို့ ကြိုးစားမှာ၊"

///ဝုန်း///

မွေ့ အားကုန်သုံးကာ နေနေ့ကို စောင့်တွန်းပစ်လိုက်ပြီး...

"လုပ်ကြည့်လေ သတ္တိရှိရင်၊မင်းကိုတော့ ဘာမှထိခိုက်စေမှာမဟုတ်ပေမယ့် ညွှန်းစစ်တောင်းကို စုတ်ပြတ်သွားအောင် နင်းချေပစ်စေချင်ရင်၊"

"ညွှန်းကို လက်ဖျားနဲ့ထိတဲ့နေ့ မင်းရဲ့အသုဘကျင်းပရတဲ့နေ့ပဲ!"

နေကြည် စိတ်တိုလွန်းစွာ။ဆက်ပြောနေရင် မွေ့သံလွင်ကို ထိခိုက်စေမိတော့မှာမို့ စိတ်မလွတ်မိခင် ထွက်လာခဲ့တယ်။

ညွှန်း...ညွှန်းကို သွားတွေ့ရမယ်။တကယ် ညွှန်းကို ရုတ်တရက်ပြန်တွေ့လိုက်ရတော့ အိပ်မက်မက်နေသလိုပဲ။ကိုယ့်မျက်လုံးကိုပင် မယုံနိုင်ခဲ့။

နှစ်ပေါင်းများစွာ လွမ်းဆွတ်နေခဲ့ရတဲ့ အချစ်ဦး၊အချစ်ဆုံး၊ချစ်ရသူကို ပြန်တွေ့လိုက်ရတဲ့ ခံစားချက်က ရူးလောက်တယ်။ငိုချင်သလိုလို၊ရယ်ချင်သလိုလို။

မြစ်နှစ်စင်းရဲ့အဏ္ဏဝါ(မြစ်နှစ်စင်းရဲ့အဏ္ဏဝါ)Tempat cerita menjadi hidup. Temukan sekarang