၁၅

204 15 3
                                    

[Unicode]

🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧

(အပိုင်း-၁၅)

🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧

"ညွှန်း"

ခြံထဲမှာ သဲတုံနဲ့အတူ ကစားနေတုန်း ခေါ်သံနှင့်အတူ ခြံထဲဝင်လာသူကြောင့် ညွှန်းလည်း သဲတုံကိုပွေ့ချီထားရာမှချကာ မတ်တပ်ထရပ်မိတယ်။

"ကိုအဏ္ဏဝါနေကြည်..."

"ဗျာ"

"ဘယ်နှနာရီထိုးပြီလဲ၊"

"နာရီလား...အင်း ၃နာရီလေ ညွှန်း၊"

သူ့ဖုန်းနာရီကို ဖွင့်ကြည့်ကာ ပြောလာတဲ့ နေကြည်ကြောင့် ညွှန်းမှာ မျက်စောင်းထိုးမိတယ်။

"ဆရာပြောတော့ မနက်ကတည်းက ငါ့ဆီသွားမယ်ဆိုပြီး ဘာလို့ခုမှလာရတာလဲ ပြော၊"

"အဲ့..."

နေကြည် အခက်တွေ့သွားရတယ်။ညွှန်းကို ဖုံးကွယ်ထားချင်လို့မဟုတ်ပေမယ့် နေကြည် မနက်ကတည်းက သူ့ဆီလာဖို့ထွက်လာတာကို မသိဘူးထင်ထားတာမို့သာ။

"ဖြေလေ ဘယ်တွေလျှောက်သွားနေတာလဲ၊အိမ်လည်းမပြန်ဘူးမလား၊"

"အဲ့ဒါက...ကိုယ်မညာပါဘူး၊မနက်က ကိုယ် ညွှန်းဆီကိုမလာခင် ဆက်ဆက်ဆီကို သူလမ်းကြုံမှာတာသွားပို့တယ်၊ပြီးတော့ မွေ့သံလွင်နဲ့တွေ့ပြီး..."

မွေ့ကို သူ့အမေရဲ့အုတ်ဂူဆီလိုက်ပို့တဲ့အကြောင်းကို ညွှန်းကို နေကြည် သေသေချာချာလေးရှင်းပြလိုက်တယ်။

"အဲ့လိုလား...မွေ့သံလွင်နဲ့ တော်တော်လေး ရင်းနှီးနေပြီလား နေကြည်၊"

"အင်း ဆိုပါတော့..."

"အဲ့ဒါဆိုလေ သူ့မိဘအကြောင်း...သူ့အိမ်အကြောင်း ပြောပြတာရှိလား၊"

"မရှိဘူး...အဲ မရှိဘူးဆိုပေမယ့် ကိုယ့်စိတ်ထင်လေ မွေ့က သူ့အဖေကို တော်တော်လေးစိတ်နာနေပုံပဲ၊ဘာလို့လဲတော့ ကိုယ်မသိဘူး၊သူ့အဖေကို မချစ်ဘူးလို့တော့ ‌ပြောတာပဲ၊သူ့အမေကိုတအားချစ်ပုံရလို့ မေးကြည့်လိုက်တာလေ၊အဖေ့ကိုမချစ်ဘူးတဲ့ လုံးဝ၊"

နေကြည် ပြောပြတဲ့အကြောင်းတွေကို တွေးတောနေမိတယ်။ဒါဆိုရင် မွေ့က ညွှန်းတို့ထင်နေသလိုမျိုး မိဘပြဿနာကြောင့် အေးတိအေးစက်ဖြစ်နေတာမျိုးပေါ့။ကြည့်ရတာ သူ့အဖေကြောင့် စိတ်ဒဏ်ရာရနေတာနေမယ်။ဒီလိုဆိုတော့လည်း မွေ့သံလွင်က သနားစရာ။

မြစ်နှစ်စင်းရဲ့အဏ္ဏဝါ(မြစ်နှစ်စင်းရဲ့အဏ္ဏဝါ)Where stories live. Discover now