190 23 8
[Unicode]
🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧
(အပိုင်း-၇)
🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧
နေကြည် ဒီကိုဘာလို့လာမိမှန်းလည်း ကိုယ့်ဘာသာမသိ။သေချာတာကတော့ နေကြည် ဒီလမ်းထိပ်ကိုရောက်နေတာတော့ ကြာလှပြီ။မွေ့သံလွင်ကို တွေ့ချင်လို့ဆိုပေမယ့် ဘာလို့တွေ့ချင်မှန်းမသိ။
ခက်တာက မွေ့ရဲ့အိမ်ကို အတိအကျမသိရတာမို့ လမ်းထိပ်မှာပဲ လာမလာမသေချာတဲ့သူကို ရပ်စောင့်နေရတာ။မနက်တိုင်း ဈေးသွားရတယ်လို့တော့ပြောတာပဲ။အခုထိတော့ မလာသေး။
"ဟင်...မွေ့"
နေကြည် ‌ရပ်စောင့်နေတုန်း ခြင်းလိမ္မော်ရောင်လေးကိုင်ကာ လမ်းထဲပေါ်လာတဲ့ မွေ့ကြောင့် နေကြည် လှစ်ခနဲ ဝမ်းသာသွားရကာ ပြုံးမိတယ်။
ဒါပေမယ့်ပေါ့လေ မွေ့ရဲ့ပုံစံက မြင်ဖူးသလိုနဲ့မတူနေ။အိမ်နေရင်းမို့လားမသိ။ကာတွန်းဘောင်းဘီအရှည်နဲ့ T-shirtကို ရိုးရိုးရှင်းရှင်းလေးသာ တွဲဝတ်ထား၏။ဘယ်လိုပဲဝတ်ဝတ်ပါ မွေ့သံလွင်ဟာ မွေ့သံလွင် ပီသစွာပဲ သပ်သပ်ရပ်ရပ်နဲ့ ကြည်ရှင်းနေတာအမြဲ။
"နေနေ! ဘယ်ကို..."
"ဈေးသွားမို့လား ငါလိုက်ပို့ပေးမယ်၊"
"ဟို...ရတယ်၊တကူးတကကြီး..."
"မင်းနဲ့ဈေးလိုက်ချင်လို့ တကူးတကကြီး မနက်အစောထလာတဲ့ကောင်ပါ၊"
နေကြည်က ပြောလိုက်တော့ မွေ့က သူ့မူပိုင်ပုံစံလေးအတိုင်း မျက်လုံးလေးတွေပြူး၊နှုတ်ခမ်းလေး မပွင့်တပွင့်ဟကာ အံ့ဩသွားပြန်တယ်။
"လာပါ အားမနာနဲ့...တက်၊"
ဈေးခြင်းလေးကို နေကြည်ကဆွဲယူကာ ဆိုင်ကယ်လ်ပေါ် အရင်ခွလိုက်တယ်။မွေ့က သက်ပြင်းလေးတစ်ချက်ချကာ ဆိုင်ကယ်လ်နောက်မှာ ဝင်ထိုင်လာတာမို့ နေကြည် ပြုံးရပြန်တယ်။
"ခါးကိုဖက်ထားလေ၊"
"ဖြေးဖြေးမောင်းနော်၊"
ပြောလျက် ခါးကိုဖက်တွယ်လာတဲ့ လက်ကြည်ကြည်လေးတွေဟာ ရှေ့တစ်ခါကလိုမဟုတ်။ပိုပြီးတော့ ဖက်တွယ်ကာ ဆုပ်ကိုင်ထားတာ။သူကြောက်လို့ နေမှာပါလေ။