၂၆

160 17 1
                                    

[Unicode]

🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧

(အပိုင်း-၂၆)

🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧

"နေနေ...နေမကောင်းလို့လား၊"

အိပ်ရာထက်မှာ ကွေးနေသူကြောင့် ကိုယ့်ဘက်ကုတင်အခြမ်းမှာ ဝင်ထိုင်ရင်း မွေ့ စိတ်ပူစွာမေးမိတယ်။စိုးရိမ်မိပေမယ့် ကိုယ့်မှာထိတွေ့ခွင့်မရှိတာမို့။

"ဟတ်ချိုး! နည်းနည်း..."

"ဆေးသောက်ထားလား၊ဆရာဝန်ခေါ်ပေးရမလား၊ဒီနေ့ရုံးပိတ်ရက်ဆိုတော့ နားနေလိုက်လေ၊"

"ဗိုက်ဆာတယ်၊"

"ဟင်...ဗိုက်ဆာလို့လား၊အေးပေါ့ မနက်စာမှ လာမစားတာ၊ဘာစားချင်လဲဟင်၊ငါ အခုသွားစီစဉ်ပေးမယ်၊"

"နို့ဆန်ပြုတ်"

မွေ့လည်း စိတ်ကောင်းဝင်ကာပြန်ဖြေသူကြောင့် အားတက်သရောဖြစ်ရကာ သူစားချင်တယ်ဆိုတဲ့ နို့ဆန်ပြုတ်ပြုလုပ်ရန် အလျင်အမြန်ပင် ပြေးထွက်လာခဲ့တယ်။

မိနစ်အနည်းငယ်အချိန်ယူကာ နို့ဆန်ပြုတ်တစ်အိုးကို အမြန်ချက်ပေးလိုက်တယ်။မွေ့ ချက်လို့ပြီးချိန်မှာပဲ လှေကားကနေဆင်းလာတဲ့ နေနေ့ကြောင့် ကပြာကယာပဲ ထမင်းစားပွဲမှာ နေနေစားဖို့အတွက် နို့ဆန်ပြုတ်တစ်ပန်းကန် အမြန်ပြင်မိတယ်။

"ထိုင်လေ အတူစားမယ်၊ဘာစားပြီးပြီလဲ မွေ့၊"

ဘုရားရေ။နေနေက မွေ့ကို အတူစားဖို့ ဖိတ်ခေါ်နေတာတဲ့လား။ဘာလို့ညာလို့ သိပ်မတွေးအားပဲ နေနေက ထိုင်ဆိုတာနဲ့ ချက်ချင်းပဲ ဝင်ထိုင်လိုက်ကာ နို့ဆန်ပြုတ် တစ်ပန်းကန်ခပ်ထည့်လိုက်တယ်။

"စားပြီးပေမယ့် ထပ်စားပါ့မယ်၊"

"မေးစရာရှိတယ် မင်းကို၊"

"မေးလေ နေနေ၊"

"ငါ့မှာ...ဆိုင်သူရှိတယ်လို့ သိလိုက်ရတုန်းက ဘယ်လိုခံစားခဲ့ရလဲ၊"

ထူးထူးဆန်းဆန်းမေးလာတဲ့ နေနေကြောင့် အံ့ဩမိပေမယ့် မဆိုင်းမတွပဲ...

"ကမ္ဘာပြိုသလိုပါပဲ၊ကိုယ်ချစ်တဲ့သူက သူများအပိုင်ဖြစ်နေပြီးပြီဆိုတာကြီးက လူကို ရူးသွားမတတ်ပဲ၊"

မြစ်နှစ်စင်းရဲ့အဏ္ဏဝါ(မြစ်နှစ်စင်းရဲ့အဏ္ဏဝါ)Where stories live. Discover now