၁၉

164 14 1
                                    

[Unicode]

🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧

(အပိုင်း-၁၉)

🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧

ဆရာစာလာသင်ပြီးလို့ ပြန်သွားချိန်မှာ ညွှန်းတို့သူငယ်ချင်းတွေစုကာ လရောင်အောက်မှာ လက်ဖက်သုပ်စားကြရင်း အိမ်စာလုပ်ဖြစ်ကြတယ်။

"ညွှန်း..."

"ဟေ ပြော ဘာတုန်း၊"

"မွေ့သံလွင်က ဘာအထာလဲ၊"

အဆက်အစပ်မရှိ ထမေးလာတဲ့ သာကျော်ရဲ့မေးခွန်းကြောင့် ညွှန်းမှာ မျက်မှောင်ကြုပ်မိရသလို ကျန်တဲ့လူတွေရဲ့အကြည့်ဟာလည်း သာကျော်ဆီ ဝှီးခနဲ။

"ဘာကိုတုန်း၊"

"သူက နေကြည့်အပေါ်မှာ တစ်ခုခုဖြစ်နေတယ် မင်းသိလား၊"

"အေးဟ ငါနဲ့သန့်သန့်လည်း သတိထားမိတယ်၊"

"ငါရောပဲ၊"

သာကျော်ရဲ့စကားကို နွယ်က ထောက်ခံသလို နွယ့်စကားကို ရတုက ထပ်ဆင့်ဝင်ပံ့ပိုးတယ်။ညွှန်းလည်း သက်ပြင်းမောတစ်ချက်ကိုချရင်း...

"ငါသိတယ်၊မွေ့သံလွင်က နေ‌ကြည့်ကို ချစ်နေတာလေ၊"

မပြောဘူးဟုဆုံးဖြတ်ထားသော်လည်း သူတို့ကရိပ်မိနေကြတာမို့ ညွှန်း မလိမ်တတ်တာမို့။

"ဟ! အဲ့ရေခဲတုံးကလေ နေကြည့်ကို..."

"ဟုတ်တယ် ရတု၊ငါ့ကို နေကြည် ပြောပြတာလေ၊မွေ့သံလွင်ကလည်း ပြောပါတယ်၊"

"နေကြည်က နင့်ချစ်သူဆိုတာ သူသိလား၊"

သန့်သန့်ကို ညွှန်း ခေါင်းသာညိတ်ပြမိတယ်။

"ဘာ! နေကြည်က နင့်ချစ်သူဆိုတာသိရက်နဲ့ သူက နင့်ကို သူ နေကြည့်ကို ချစ်ကြောင်း ပြောတယ်ပေါ့၊"

"စိတ်လျှော့ပါ သန့်သန့်ရယ် ငါ..."

"ဘာကိုစိတ်လျှော့ရမှာလဲ၊နေကြည်နဲ့နင်က ချစ်သူဆိုတာသိရက်နဲ့ စနှိုက်ကြော်ဇာတ်ခင်းချင်နေတာလေ၊သူ့အပြုအမူတွေကို မသင်္ကာနေတာကြာပြီ၊"

"သန့်သန့်ပြောတာ မှန်တယ်၊သူကလေ နေကြည့်ကို ထိလားပြုလားနဲ့၊အကြည့်တွေကိုက မရိုးနေခဲ့တာ၊"

မြစ်နှစ်စင်းရဲ့အဏ္ဏဝါ(မြစ်နှစ်စင်းရဲ့အဏ္ဏဝါ)Where stories live. Discover now