၁၁

166 20 5
                                    

[Unicode]

🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧

(အပိုင်း-၁၁)

🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧

"ညွှန်း"

ညွှန်း သူငယ်ချင်းတွေနဲ့အတူတူ အိမ်ပြန်ဖို့ ကျောင်းထဲမှ ထွက်လာနေတုန်း နံဘေးမှာလာရပ်တဲ့ နေကြည်ရဲ့ဆိုင်ကယ်လ်။

"လိုက်ခဲ့ အိမ်လိုက်ပို့မယ်၊"

"နေကြည်က ဘက်လိုက်တယ်ဟေ့၊လူ၅ယောက်ရှိတာကို တစ်ယောက်ပဲကွက်‌လိုက်ပို့တယ်၊"

ရတုက စ,လိုက်တော့ နေကြည်က ပြုံးပြုံးလေးလုပ်နေပေမယ့် ညွှန်းမှာတော့ မနေတတ်တော့။ဒီဟာတွေကို နေကြည်က ပရိုပို့စ်လုပ်ထားကြောင်း မပြောပြရသေးတာတောင် ဒီလောက်စ,နေကြတာ။ပြောလိုက်ရင် မညား,ညားအောင် အရောက်ပို့တော့မှာ။

"လိုက်သွားပါဟယ် မူမနေနဲ့၊"

"နွယ် နင်နော်..."

နွယ်က အတင်းတွန်းပို့နေတာမို့ ညွှန်း မျက်စောင်းထိုးရင်း ရှက်ကိုးရှက်ကန်း ဖြစ်ရပြန်တယ်။ပုံမှန်ဆိုရင် ညွှန်းက ရှက်တတ်တဲ့ထဲမှာမပါ။အခုကြမှ ရည်းစားစကားလေးအပြောခံထားရတာနဲ့ မနေနိုင်အောင် ရင်ခုန်နေမိတာ။

"လာပါ ညွှန်းရဲ့၊"

"သွားစမ်းပါ သွား..."

အကုန်လုံးက ဝိုင်းပြောနေတော့ ညွှန်းလည်း ဂုတ်ပိုးကိုပွတ်ရင်း နေကြည့်ဆိုင်ကယ်လ်နောက်မှာ ခွထိုင်လိုက်ရတယ်။

"တာ့တာ သွားပြီ၊"

နေကြည်က သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး ဆိုင်ကယ်လ်ကို မောင်းထွက်လာခဲ့တော့ ညွှန်း အနောက်ကနေ သူ့ကို အကြောင်းမဲ့စွာ မျက်စောင်းထိုးမိရတယ်။

"ညွှန်း"

"ပြော"

"ချစ်တယ် နော်၊"

မဆီမဆိုင်လည်း ထပြီး ချစ်တယ်လို့ ပြောနေပါတဲ့ နေကြည်ရယ်ပါ။တကယ်ပါ ဘာလို့ အားတိုင်း ချစ်တယ်ချည်း ပြောနေမှန်းမသိ အမြင်ကပ်စရာ။

"ညွှန်း..."

"ဘာတုန်း၊"

"ချစ်တယ်လို့၊"

မြစ်နှစ်စင်းရဲ့အဏ္ဏဝါ(မြစ်နှစ်စင်းရဲ့အဏ္ဏဝါ)Wo Geschichten leben. Entdecke jetzt