အပိုင်း[၃၀]

237 19 3
                                    

"joonie အခုလောလောဆယ် jmရဲ့
အိမ်မှာပဲအတူတူနေလိုက် ပျော်သလောက်
နေလို့ရတယ် jmမိဘတွေကလည်း
ခွင့်ပေးပြီးသားပဲ"

jmမိဘတွေကို  နှုတ်ဆက်ပြီး
Jmရဲ့ အခန်းဆီသို့ လေးယောက်သား
လျောက်လာခဲ့သည်။
jmဖွင့်ပေးတဲ့အခန်းတံခါးကို ဖြတ်ပြီး
ဂျွန် jmရဲ့အခန်းထဲ၀င်လာခဲ့သည်။
ဒါပထမဆုံး jmအိမ်ကို ရောက်လာခဲ့ဖူးခြင်းပင်။
ဂျွန် အခန်းထဲရှိကုတင်ပေါ်ဖြည်းဖြည်းချင်းတတ်လိုက်ပြီး လှဲကာနေလိုက်ပြီး

"ဂျွန့်ကို jmရဲ့အိမ်မှာ နေခွင့်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်"

လွန်ခဲ့သော လေးနာရီက;

"Kookie, taetae, minnie ဂျွန် ဒီမှာ
မနေချင်ဘူး ဂျွန် မင်းတို့ရဲ့အိမ်ကို
လိုက်...လိုက်နေလို့ရလားဟင်"

မ၀ံ့မရဲဖြင့်မေးမိသည်။ ဦးရဲ့သဘောထားကို
မမေးရဲပေ။ ဦးငယ်ကိုမေးဖို့ကရော။
အခုလောလောဆယ် ဦးငယ်ကို ဂျွန်မျက်နှာချင်းမဆိိုင်ရဲ။ ဒါကြောင့် ဦးရော ဦးငယ်ကိုရော
ခွင့်မတောင်းပဲ သူငယ်ချင်းတွေအိမ်လိုက်သွားဖို့ဆုံးဖြတ်မိသည်။

"မင်း...မင်းတို့အတွက် ဂျွန်က ၀န်ထုပ်၀န်ပိုး
ဖြစ်နေမယ်ဆိုတာ ဂျွန်သိပါတယ်
ဂျွန် အားနာနာနဲ့ပဲတောင်းဆိုပါရစေနော်
အခု ဂျွန်အဖြစ်ချင်ဆုံးဆန္ဒက ဒီအိမ်ကနေ
ထွက်သွားဖို့ဖြစ်နေလို့ပါ"

ဂျွန်ရဲ့၀ိုင်းစက်တဲ့မျက်၀န်းတွေက မျက်ရည်စများနဲ့ သူငယ်ချင်းတွေကို မော့ကြည့်ကာ
မေးလိုက်မိသည်။ ဂျွန့်ရဲ့ ၀မ်းနည်းနေသော
မျက်၀န်းတွေကို jmမကြည့်ရက်ပေ။
မဆိုင်းမတွပင် ဂျွန့်ကို ဆွဲဖက်လိုက်ပြီး
ကတိပေးလိုက်မိသည်။

"joonie ရတယ်နော် minnieရဲ့အိမ်ကိုပဲ
လိုက်နေလိုက်"

ဂျွန် jmကို ကျေးဇူးတင်တဲ့အကြည့်နဲ့
ကြည့်ကာ ခေါင်းကိုငြိမ့်ပြီး ဖုန်းထုတ်လိုက်သည်။
ထို့နောက် ကြီးကြီးဆီဖုန်းဆက်လိုက်ကာ

"ဟယ်လို...ကြီးကြီးလား"

"Joonieပါ အခုလောလောဆယ်အလုပ်လာစရာမလိုသေးဘူးနော့ ဦး...ဦးငယ်လည်းအလုပ်ကိစ္စနဲ့
ခရီးသွားနေလို့ ဂျွန် သူငယ်ချင်းအိမ်လိုက်နေမှာ
မလို့ ဦးငယ်ပြန်လာတဲ့အချိန်ကျ ဖုန်းဆက်လိမ့်မယ်နော်"

You've reached the end of published parts.

⏰ Last updated: Mar 16 ⏰

Add this story to your Library to get notified about new parts!

ချစ်သော ဦးငယ်Where stories live. Discover now