အပိုင်း[၆]

240 32 3
                                    

"ဦးငယ်”

အိမ်ရှေ့ကားရပ်သံကြားတော့ ဂျွန် sjရဲ့ကားရှိရာကို ပြေးလာသည်။ ကားနားရောက်ခါနီးမှ
ဂျွန်ခလုတ်တိုက်ကာ ရှေ့ကို ယိုင်သွားတော့ sjက
ဒီလိုဖြစ်မည်ဆိုတာ ရိပ်မိသည့်အလား ရှေ့မှ
ကြိုဖမ်းလိုက်သဖြင့် ဂျွန့်ခန္ဓာကိုယ်လေး sjရင်ခွင်ထဲ ရောက်သွားတော့သည်။ sj ဂျွန့်ကို ငုံ့ကြည့်လိုက်ပြီး

"နမ်ဂျွန် ဒီလို မပြေးပါနဲ့လို့ ဦးငယ် ဘယ်နှခါပြောရမှာလဲ”

ဂျွန် sjရင်ခွင်ထဲကနေမော့ကြည့်လိုက်ပြီး စပ်ဖြဲဖြဲလုပ်ကာ

"ဟီး…ဦးငယ်ကလည်း”
"ဦးငယ်ကလည်းလုပ်မနေနဲ့ နမ်ဂျွန် တော်ကြာ
ချော်လဲပြီး ခေါင်းပေါက်တာတို့ လက်ကျိုးတာတို့ဖြစ်ရင် ဘယ်လိုလုပ်မလဲ”

ဂျွန် sjခန္ဓာကိုယ်နဲ့မြန်မြန်ခွာလိုက်ပြီး

"ဦးငယ်…နမိတ်မရှိတာတွေ ဘာတွေလျှောက်ပြောနေတာတုန်း ဂျွန်က ဦးငယ်အလုပ်က ပြန်လာလို့ စိတ်လှုပ်ရှားပြီး အမြန်လာကြိုတဲ့ဟာကို တကယ်လို့ ဂျွန် အဲ့လိုဖြစ်သွားရင် အဲ့ဒါ
ဦးငယ် လျှောက်ပြောလို့ဖြစ်တာ ပေး ဦးငယ်ရဲ့
အိတ်…”

sjလက်ထဲက အိတ်ကို ဆွဲယူလိုက်ပြီး စူပုတ်ကာ
အိမ်ထဲဝင်လာသည်။ sj ဂျွန့်ရဲ့ပုံစံကိုကြည့်ပြီး
သဘောကျစွာ ရယ်လိုက်ကာ အိမ်ထဲကို
မြန်မြန်လိုက်လာပြီး ဂျွန်ရဲ့ပုခုံးပေါ်လက်တင်လိုက်ကာ

"ဂျွန် ဦးငယ်ကို စိတ်ဆိုးသွားတာလား”
"မဆိုးပါဘူး…”

နမ်ဂျွန်က စိတ်မဆိုးပါဘူးပြောသော်လည်း ဂျွန့်ရဲ့ဆူနေသောနှုတ်ခမ်းက ဆန့်ကျင်ဘက်ကို ပြောနေသည်။

"ဦးငယ်က စတာပါ ဒါပေမယ့် နောက်ကို အဲ့လိုမပြေးနဲ့နော် ချော်လဲမယ်”
"ဟုတ်…”
"ပြီးတော့…”

ဂျွန် ခေါင်းကိုမော့ကာ sjပြောမယ့်စကားကို စိတ်ဝင်တစားနဲ့နားထောင်နေလိုက်သည်။

"ပြီးတော့ ဂျွန်စိတ်ဆိုးရင် ဝက်ကလေးနဲ့တူတယ်သိလား ပါးဖောင်းဖောင်းလေးနဲ့”

sj ပြောပြီးတာနဲ့ နေရာမှပြေးပြီး အိမ်ပေါ်ထပ် တတ်လာခဲ့တော့သည်။

ချစ်သော ဦးငယ်Where stories live. Discover now