အပိုင်း[၂၉]

274 13 1
                                    

သင်းပျံ့ပျံ့ရနံ့လေးက sjနှာခေါင်းနား ကလူကျီစယ်နေသဖြင့် ထိုရနံ့လေးကို ရှုရှိိုက်လိုက်မိသည်။ sjမျက်လုံးမဖွင့််သေးဘဲ ပြုံးလိုက်မိသည်။ ဘယ်တုန်းကများ sjရဲ့အခန်းထဲကို
ဒီလိုနှစ်လိုဖွယ်ကောင်းတဲ့ရနံ့မျိုးထည့်ထား
ပါလိမ့်။ ကြည့််ရတာ နမ်ဂျွန်များ sjအခန်းထဲကို
သန့်ရှင်းရေးလုပ်ထားတာများလား...

"နမ်ဂျွန်!!!!"

sjမျက်လုံးတွေအလျင်အမြန်ပွင့်လာပြီး
အခန်းထဲကို ၀ေ့ကြည့််လိုက်မိသည်။
sjရဲ့နှလုံးခုန်သံက အဆမတန်မြန်လာကာ
နဖူး၌ ချွေးများက ချက်ခြင်းပင်စို့လာခဲ့သည်။

ဒါ...ဒါ ငါ့အခန်းမဟုတ်ဘူး နမ်ဂျွန်အခန်းထဲကို
ဘယ်လိုလုပ်ပြီးရောက်လာတာလဲ

အသက်ရှုသံတိုးတိုးက sjအတွေးတို့ကို
ဖျတ်တောက်လိုက်သည်။ sj ထိုအသံပိုင်ရှင််ကို
မကြည့််သေးခင် မျက်လုံးကို တင်းတင်းမှိတ်ထားမိသည်။

မဟုတ်ဘူး...မဟုတ်ဘူးမလား

sjမျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ပြီး
ငုံ့ကြည့်တော့ သူ့ရင်ဘတ်ပေါ် ခေါင်းတင်ကာ
အိပ်နေတဲ့ဂျွန့်ကို တွေ့လိိုက်ရတော့ sj
ပါးစပ်အဟောင်းသားဖြင့်ဖြစ်သွားခဲ့သည်။
သူ့ရဲ့ရင်ဘတ်ပေါ်မှာ အေးအေးချမ်းချမ်းအိပ်ပျော်နေတဲ့ ဂျွန့်ကိုကြည့်ကာ
sjရဲ့မျက်နှာက ဖြူဖျော့လာခဲ့သည်။
ဂျွန်ရောသူရောရဲ့ ခန္ဓာကိုယ်မှာ အ၀တ်အစားတို့က ရှိမနေခဲ့။ ထို့အပြင် ဂျွန့်ရဲ့လည်ပင်းနဲ့
ပုခုံးတို့မှာ ခရမ်းရောင်အမှတ်အသားတို့က
ပြည့်နှက်လို့နေသည်။ ဒါ...ဒါတွေက သူလုပ်ခဲ့တာလား

"hyungသွားမှတော့ သူ့ကို ကျွန်တော်ပဲ
ဂရုစိုက်ရမှာပေါ့ နမ်ဂျွန်လည်း ကျွန်တော့်
တူ...တူတစ်ယောက်လိုပါပဲ"

seokmin hyungကို သူပြောခဲ့သည့်
စကားသံတို့က sjခေါင်းထဲပဲ့တင်လို့နေသည်။
seokminနဲ့မိဘတွေဒီအကြောင်းကို
သိသွားကြရင် sjကို အပြစ်ပြောကြမှာလား။
ကိုအိမ်ရဲ့ကလေးလိုသတ်မှတ်ထားတဲ့
ဂျွန့််အပေါ်ဒီလိုမျိုးကျူးလွန်ခဲ့တဲ့သူ့ကိို
အပြစ်တင်ပြောဆိိုကြမှာလား။
sj သူ့ရဲ့နှုတ်ခမ်းကိုတင်းတင်းကိုက်ထားပြီး
အိပ်ယာပေါ်မှ မြန်မြန်ထမသွားမိစေရန်
ထိန်းထားရသည်။ sjစိတ်ရှိလက်ရှိအော်ပစ်ချင်မိသည်။ သို့သော် ဂျွန််ရဲ့မျက်၀န်းတွေနဲ့
sjရင်မဆိိုင်ရဲ။ sj ဂျွန့်််မျက်နှာကိုမကြည့်မိအောင်
ဂရုစိုက်ရင်း ဂျွန််ရဲ့ခေါင်းကိုသာသာယာယာမကာ
sjကုတင်ပေါ်မှထလိုက်ပြီး ခေါင်းအုံးယူကာ
ဂျွန့်အောက်မှာ ထားလိုက်သည်။ ပြီးမှ sj အ၀တ်အစားတွေ၀တ်ကာ အခန်းတံခါးကို တိုးတိုးသက်သာဖွင့်ရင်း ကားဆီသို့မြန်မြန်သွားကာ ခြံ၀န်းထဲမှ မောင်းထွက်ခဲ့တော့သည်။

ချစ်သော ဦးငယ်Opowieści tętniące życiem. Odkryj je teraz