အပိုင်း[၂၇]

214 20 6
                                    

seokmin ထွက်သွားပြီးသည့်နောက် sjရဲ့
အိမ်က အရင်ညီအကိုနှစ်ယောက် ဂျွန်မရှိပဲ
နေခဲ့တဲ့အချိန်တွေထက်တောင် ခြောက်ကပ်​
နေခဲ့သည်။ နမ်ဂျွန်ကလည်း အမြဲစာလေ့လာ
ဖို့ဆိုကာ စာကြည့်ခန်းထဲတွင်အမြဲ နေနေတတ်သည်။ အခုတလော sjရဲ့အဖေနဲ့အမေ
အိမ်အထိ ဂျွန်ညအိပ်သွားတတ်သည်။ ဂျွန်
အိမ်မှာရှိလျှင်လည်း ထမင်းစားချိန်မှအပ
sjနဲ့ ကျန်သောအချိန်များ၌ နှစ်ယောက်သား
မတွေ့ကြရ။ sj ပြောသည့်အချိန်လောက်ပဲ
အပိုအလို မရှိပြန်ပြောတတ်သည်။ sjကို
စိတ်အနှောင့်အယှက်ပေးနေဆုံးက
companyကပြန်လာလျှင် အရင်လို
ပြေးကာထွက်မကြိုခြင်းပင်။ ဂျွန်ကို
ဘာက ဒီလိုမျိုးပြောင်းလဲသွားစေတာလဲ။
chanyeolက ဒီလိုမျိုးမလုပ်ဖို့ နမ်ဂျွန်ကို
မှာထားခဲ့တာလား။ ထိုအတွေးက sjစိတ်ကို ပို၍ပူလောင်ကာ ဒေါသထွက်စေခဲ့သည်။
sj လုပ်လက်စ fileကို ပိတ်ပြီး စားပွဲပေါ်ပစ်တင်ကာ နားထင်ကို လက်နဲ့နှိပ်နေလိုက်သည်။ မနက်ဖြန်ဆိုရင် နမ်ဂျွန်ကို ကျောင်းလိုက်ပို့ရတော့မှာ…အဲ့ကျရင်တော့…sjတွေးနေတုန်း
စားပွဲကို လက်နဲ့ခေါက်သံကြားလို့ မော့ကြည့်တော့ သူ့ကို စူးစမ်းသော
အကြည့်ဖြင့်ကြည့်နေတဲ့ ygကို တွေ့လိုက်ရသည်။

"ရောက်နေတာလား…sorryကွာ ငါအတွေး
လွန်နေတာ”

sj ပြောလိုက်သော်လည်း yg စကားပြန်မပြောပဲ
မျက်မှောင်ကြုတ်၍သာ sjကိုကြည့်နေဆဲပင်။
sj သူ့မျက်နှာသူ လက်နဲ့စမ်းလိုက်ပြီး

"ဘာတုန်း ငါ့မျက်နှာဘာဖြစ်နေလို့လဲ”ထိုအခါမှ
yg ထိုင်ခုံမှာထိုင်လိုက်ပြီး
"hyung အခုတလောဘာဖြစ်နေတာလဲ
မျက်နှာသိပ်မလန်းဘူး အခုလည်း ကျွန်တော်အခန်းထဲရောက်တာ ဆယ်မိနစ်ကျော်နေပြီ hyung လုံးလုံးသတိမထားမိဘူး နဂို
ကျွန်တော်သိတဲ့ sj hyung ဒီလိုမျိုးမဟုတ်ဘူးလေ hyung” ygစကားကြောင့် sjပြောစရာစကားတို့ပျောက်ရှသွားရသည်။ sj အခုဘာပြန်ပြောရမလဲ။ အခုဒီလိုအတွေးလွန်နေတာ njကြောင့်လို့ ​ပြောရမှာလား။ sjခေါင်းရမ်း
လိုက်ပြီး

"မဟုတ်ပါဘူး ygရာ ငါဒီအတိုင်းလျှောက်တွေးနေမိတာပါ ခရီးကပြန်လာပြီး အလုပ်လုပ်ရ​တော့ လေနေတာပေါ့ အဲ့လိုပါ”
"ဒါနဲ့ hyungနဲ့solarက အဆင်မပြေဘူးလား
နှစ်ယောက်သားဆက်ဆံပုံကအရင်နဲ့ သိပ်မတူတော့သလိုပဲ ခရီးတစ်လျှောက်လုံးပဲ hyung”
sj ခရီးကို အကြောင်းပြမိမှ ငါးပါးမှောက်တော့သည်။ စကားတို့က အထစ်ထစ်အငေါ့ငေါ့ဖြင့်သာ ထွက်လာခဲ့တော့သည်။
"ဘာ…ဘာမှမဖြစ်ပါဘူး အ…အဆင်ပြေပါတယ်
တို့နှစ်ယောက်က”
"solarကို hyungချစ်သေးရဲ့လား”
ရုတ်တရက်မေးလိုက်သော ygရဲ့စကားကြောင့်
sj ပါးစပ်အဟောင်းသားဖြင့် ygကို
ကြည့်လိုက်မိသည်။ စကားပြောဖို့ဖွင့်လိုက်
သော sjရဲ့ ပါးစပ်ဆီကစကားသံတစ်ခွန်းမှ
ထွက်မလာခဲ့။ ပါးစပ်ဖွင့်လိုက် ပိတ်လိုက်ဖြင့်
ဖြစ်နေခဲ့သည်။ sjရင်ဘတ်ထဲ၌ ရှက်ရွံ့စိတ်တို့
ဖြင့် ပူလောင်နေခဲ့သည်။ 
ဒီလို ygမေးလာရအောင် ငါခြေလှမ်းတွေက ပျက်ယွင်းနေတာလား။ ygတို့တောင် ငါ့အပေါ်
မယုံကြည်လာအောင် ပြုမူနေမိတာလား…
sj လှုပ်ရှားနေသောစိတ်တို့ကို ငြိမ်အောင်လုပ်လိုက်ပြီး
"မင်းကလည်း ဘယ်လိုမေးလိုက်တာလဲ
ငါနဲ့solarက ချစ်သူတွေလေကွာ မင်းအဲ့လို
မေးစရာမလိုပါဘူး”
sjရဲ့အဖြေတို့က ygအတွက် စိတ်ကျေနပ်စရာအဖြေမဟုတ်ခဲ့။ ဆက်ပြီး
"အဲ့တာဆို hyungနဲ့solar ဘယ်တော့လက်ထပ်မှာလဲ”
"ဒါ…ဒါက”
sj ဘာပြန်ပြောရမှန်းမသိ။ ygရဲ့ sjအဖြေကို
စောင့်မျှော်နေသော မျက်ဝန်းကိုသာ စိုက်ကြည့်နေမိသည်။ sjထိုင်ခုံမှမြန်မြန်ထလိုက်ပြီး
ဖုန်းနဲ့ကားသော့ ကောက်ကိုင်ကာ
"ငါ မေ့နေတာ ဒီနေ့အိမ်မှာ ညစာချက်မယ်လို့
စဥ်းစားထားတာ အခု shopping mallဝင်မှ
ချက်ဖို့အချိန်မှီမှာ ငါသွားတော့မယ် yg”
ygရဲ့အဖြေကို sjမစောင့်မိ။ မြန်မြန်သာ
ဒီအခန်းထဲမှ ထွက်ပြေးချင်စိတ်ပေါက်နေခဲ့၍
ဖြစ်သည်။ yg သူ့ကိုပင် စကားပြန်မပြောနိုင်ပဲ
ရှောင်ပြေးသွားသော သူ့hyungရဲ့ကျောပြင်ကို
မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ
ကြည့်နေခဲ့မိသည်။

ချစ်သော ဦးငယ်Where stories live. Discover now