အပိုင်း[၁၁]

190 25 2
                                    

စာမေးပွဲဖြေမည့်ရက်ကျ အိပ်ယာစောစောထကာ မျက်နှာသစ်ပြီး စာခဏပြန်ဖတ်နေလိုက်သည်။ ပြီးတော့ စာမေးပွဲအတွက်အဆင်သင့်ဖြစ်အောင် လိုသောပစ္စည်းများကို လွယ်အိပ်ထဲ စစ်၍ထည့်လိုက်ပြီး ရေမိုးချိုး အဝတ်စားလဲကာ ထမင်းစားခန်းထဲဆင်းလာခဲသည်။ ထမင်းစားခန်းထဲ၌
ဂျွန်နဲ့ကြီးကြီးနှစ်ယောက်တည်းသာရှိသေးသည်။

"ဂျွန်လေး အစောကြီးဆင်းလာတာလား ဗိုက်ဆာလို့လား”

ဂျွန်ခေါင်းရမ်းပြလိုက်ပြီး

"မဟုတ်ဘူး ကြီးကြီး ဂျွန်စောစောပြင်ဆင်ပြီးလို့ ဆင်းလာလိုက်တာ”
"ဂျွန်က ဒီတစ်နှစ်ပြီးရင် အထက်တန်းနောက်တစ်နှစ်ပဲ ကျန်တော့တယ်ပေါ့”
"ဟုတ် ကြီးကြီး ဂျွန်အဲ့အချိန်ရောက်ဖို့ မစောင့်နိုင်တော့ဘူး ဟီး…”

ကြီးကြီးက ဂျွန့်ကို ကြည့်ကာ ပြုံးလိုက်ပြီး မနက်စာအတွက်ပြင်ဆင်နေသည်။ ခဏကြာတော့
ဟင်းပန်းကန်အားလုံး စားပွဲပေါ်ရောက်လာကာ မနက်စာအတွက်အဆင်သင့်ဖြစ်သွားသည်။
ဂျွန် ကြီးကြီးကို ကြည့်ပြီး အံ့သြမိသည်။ခဏလေးအတွင်း ဒီလောက်ဟင်းတွေအများကြီးချက်နိုင်သည့် ကြီးကြီးက မိုက်သည်ဟု ဂျွန်တွေးမိသည်။

"နမ်ဂျွန် ထမင်းစားခန်းထဲ အစောကြီးရောက်နေတာလား”

ဦးငယ်အသံကြောင့် ဂျွန့်ရဲ့အတွေးတွေ ပြတ်သွားကာ

"morning ဦးဦး, morning ဦးငယ် ဂျွန် အကုန်ပြင်ဆင်ပြီးလို့ဆင်းလားလိုက်တာ”
"ဂျွန်ကတော့ စာတွေရပြီးသားပါ စားမေးပွဲဖြေဖို့
စိတ်လှုပ်ရှားနေတာလား”

ဂျွန်ပြန်ဖြေဖို့အလုပ် ဦးငယ်က ကြားက ဝင်ပြောပြီး

"သူလား စာမေးပွဲအတွက် စိတ်လှုပ်ရှားမှာ
နမ်ဂျွန်မှန်မှန်ပြော စာမေးပွဲပြီးရင် သွားမယ့်ခရီးအတွက် စိတ်လှုပ်ရှားတာမလား”

ဦးငယ် အပြောက မှန်တာ​ကြောင့် ဂျွန်ပါးချိုင့်နှစ်ဖက်ပေါ်အောင် ပြုံးလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ seokjinက သူပြောတာ မှန်သည်ဆိုသော အပြုံးဖြင့် သူ့အကို့ကို ကြည့်တော့

"အေးပါ seokjinရယ် မင်းပဲ နမ်ဂျွန့်ကို ငါ့ထက်ပိုသိပါတယ် အခုထမင်းစားကြမယ်
ကျောင်းနောက်ကျနေလိမ့်မယ်”

ချစ်သော ဦးငယ်Where stories live. Discover now