အပိုင်း[၁၆]

166 26 1
                                    

jiminတို့သုံးယောက်ကို ခေါ်ပြီးကားနှစ်စီးသား seoulကနေ ထွက်ခွါလာကြသည်။ ဂျွန်ကားစီး
နေတဲ့အတောအတွင်း chanyeol hyungနဲ့စကားတွေ ဖောင်ဖွဲ့နေအောင်ပြောပြီး hyungက
ပေါင်းရသင်းရလွယ်သောလူတစ်ယောက်ဖြစ်သည်ကို သိခဲ့ရသည်။ ဒီလိုလူ၌
ရည်းစားတွေများသည်မှာ မဆန်းဟု
ဂျွန်ထင်သည်။ လမ်းတစ်လျှောက်လုံး
chanyeol hyungပြောသင့်စကားများကို နားထောင်ရင်း ဂျွန်နဲ့noonaရယ်ရင်း
လိုက်ပါလာခဲ့သည်။ ပါလာသောမုန့်တွေကိုလည်း
တရပ်စပ်မနားတမ်းစားနေသည်မှာလည်း
နမ်ဂျွန်တစ်ယောက်ပင်ဖြစ်သည်။

sjကတော့ ဘာစကားမှမပြောပဲ ကားကိုသာအာရုံစိုက်၍ မောင်းလာသည်။ တစ်ချက်တစ်ချက် မှန်ကနေ ပါးချိုင့်များပေါ်အောင် ပြုံးနေသောဂျွန့်ကို ကြည့်ကာ ဒေါသထွက်လာမိသည်။
chanyeolပြောတဲ့ ကြောင်တောင်တောင်စကားများကို ရယ်မောနေသော ဂျွန့်ကို နားမလည်အောင်ဖြစ်နေမိသည်။ ဒီစကားတွေကို
sjတော့မရယ်တတ်ပေ။

ထို့အပြင် chanyeolက နောက်ကားဆီက
ဂျွန့်သူငယ်ချင်းတွေဆီကို ဖုန်းဆက်ဖို့အကြံရတော့ ဂျွန်တစ်ယောက် ခြေထောက်တွေ ခုန်ပေါက်ကာ လက်ခုပ်တီးလိုက်ပြီး
ပျော်နေသည်မှာ ကလေးလေးတစ်ယောက်လိုပင်။ ဂျွန် သူ့သူငယ်ချင်းတွေနဲ့ ရှေ့ကားနောက်ကားဖုန်းပြောနေသည့်အသံကြောင့် sjတို့ကားတစ်ခုလုံး ဆည်းလည်းသံလေးတတ်ထားသလိုပင်။ sjရော chanyeolရော ပြုံးကာ ဂျွန့်ကို
ကြည့်နေမိသည်။ sjဘေးကိုကြည့်လိုက်တော့
သူ့ကို စိုက်ကြည့်နေတဲ့ solarကြောင့် sjချောင်းဟန့်လိုက်ကာ ကားကို အာရုံစိုက်မောင်းနေလိုက်သည်။

"ဂျွန်လေး အိပ်ချင်ရင် အိပ်လိုက်တော့လေ
ကိုယ့်ပုခုံးပေါ်ခေါင်းတင်ထား”

njဖုန်းပြောရင်း သမ်းနေတာတွေ့လို့ sjစကားပြောဖို့ပြင်ရုံရှိသေး chanyeolကအရင်ပြောလိုက်သည်။ ထို့အပြင် သူ့ပုခုံးပေါ်တောင်
အိပ်ခိုင်းလိုက်သေးသည်။ njကြည့်လိုက်တော့ ဝတ်ထားသော hoodieထဲ မြုပ်နေသော
လက်ဖြင့် မျက်လုံးကို ပွတ်သတ်ကာ
ခေါင်းငြိမ့်ပြပြီး chanyeolခေါင်းပေါ် ပုံခုံးတင်ကာ အိပ်လိုက်သည်ကို တွေ့လိုက်ရသည်။
sj ချက်ခြင်းပင် chanyeolအပေါ်မှီထားသော
နမ်ဂျွန်ကို ဆွဲလိုက်ချင်သည်။ သို့သော်

ချစ်သော ဦးငယ်Tempat cerita menjadi hidup. Temukan sekarang