အပိုင်း[၁၄]

199 26 3
                                    

နမ်ဂျွန်နဲ့ သူငယ်ချင်းတွေ ခရီးအတွက်
လိုအပ်တာတွေ ဝယ်ဖို့ ထွက်ခဲ့ကြသည်။ ဂျွန့်၌
စုထားသောပိုက်ဆံတွေရှိသော်လည်း ဦးဦးက အတင်းပေး၍ ဦးဦးပိုက်ဆံနဲ့ထွက်လာခဲ့သည်။ ဟိုရောက်တော့ သူငယ်ချင်းလေးယောက် mallထဲကို ပျော်ပျော်ရွှင်ရွှင်ဝင်လာခဲ့သည်။

"minnie အခု ဘယ်ကို အရင်သွားမလဲ"

ဂျွန်ကမေးတော့ jmတို့သုံးယောက်သား
စပ်ဖြီးဖြီးနဲ့ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး

"icecream!!"
"ဟင်...အခုမှ ဒီရောက်တာလေ မုန့်အရင်စားမလို့လား"

taeက ဂျွန့်လက်မောင်းကို ဖက်လိုက်ပြီး

"အဲ့ဒါဆို ဂျွန်က မစားဘူးလား ဂျွန်မစားချင်ဘူးဆို taeတို့လည်းမစားတော့ပါဘူး လာ သွားကြမယ် အင်္ကျီဆိုင်ဘက်ကို"

ဂျွန် taeကို လှမ်းဆွဲလိုက်ပြီး ရယ်ကျဲကျဲဖြင့်
ကြည့်လိုက်ကာ

"ဟီး...ဂျွန်က စတာကို စားမှာပေါ့"

taeတို့သုံးယောက်က ဂျွန့်ကို သိသားပဲဆိုသော အကြည့်ဖြင့်ကြည့်ပြီး လေးယောက်သား
မုန့်အရင်စားကြသည်။ ပြီးမှ ပစ္စည်းတွေ ဝယ်ဖို့ ပတ်ကြည့်နေကြတော့သည်။ ဂျွန်ကတော့
jmတို့ဝယ်တာပဲ လိုက်ကြည့်နေခဲ့သည်။
ဂျွန့်အတွက် လိုအပ်တာသိပ်မရှိပေ။ ဒါတောင် sun creamကို အတင်းဝယ်ခိုင်းနေ၍ ဝယ်ခဲ့ရသေးသည်။

သူတို့သုံးယောက်ဝယ်နေတာ ညောင်းနေအောင်လိုက်ပြီးမှ နောက်ဆုံး အင်္ကျီဆိုင်သို့ရောက်လာခဲ့သည်။ taeက ဂျွန့်အတွက် ဒိုင်ခံရွေးပေးသည်။ တစ်ယောက်ပြီးတစ်ယောက် အင်္ကျီတွေဝတ်ကြည့်ပြီး ဂျွန့်အလှည့်ကျတော့ taeပေးတဲ့ အင်္ကျီတွေကို ကြည့်ပြီး

"tae အဲ့ဒီအင်္ကျီတွေကို တကယ်ကြီးဝတ်ရမှာလား"
"အင်း တကယ် သွားလဲလိုက်တော့
ဂျွန်တစ်ယောက်ပဲ ကျန်တော့တာ"

taeက အဝတ်လဲခန်းထဲ အတင်းတွန်းပြီးသွားခိုင်းနေသဖြင့် ဂျွန် အဝတ်အစားကို ကိုင်ကာ
ဝင်လာခဲ့သည်။ ဂျွန် လဲလိုက်ပြီးနောက် မှန်၌
ကိုယ့်ကိုကို ကြည့်ပြီး ဂျွန့်ရဲ့ပါးနွေးခနဲဖြစ်သွားသည်။ တံခါးကို ဂျွန်ခေါင်းထွက်ရရုံ ဖွင့်လိုက်ပြီး

ချစ်သော ဦးငယ်حيث تعيش القصص. اكتشف الآن