အပိုင်း[၁၃]

216 27 1
                                    

sjတို့ချစ်သူနှစ်ယောက် အရင်တစ်ခါ ရုပ်ရှင်
ကြည့်ပြီးသည့်နောက် တော်တော်ကြာမှ ဒုတိယအကြိမ်ပြန်ကြည့်ဖြစ်ခြင်းဖြစ်သည်။ အရင်တစ်ခေါက် ဂျွန့်မွေးနေ့တုန်းက နှစ်ယောက်သားအဆင်မပြေဖြစ်ခဲ့သဖြင့် ဒီတစ်ကြိမ်တော့
solarသဘောကျ လိုက်လာခဲ့ခြင်းဖြစ်သည်။

ဒီတစ်ခါလည်း နမ်ဂျွန်နဲ့ ရုပ်ရှင်ရုံ၌ ပြန်ဆုံလိမ့်မည်ဟု sjမထင်ခဲ့။ ထို့အပြင် sjရဲ့သူငယ်ချင်းကပါ နမ်ဂျွန်တို့နဲ့အတူတူဝင်လာသည်ကို တွေ့လိုက်ရသည်။ ချက်ခြင်း နမ်ဂျွန်တို့ဆီ သွားချင်လိုက်သော်လည်း ရုပ်ရှင်က စနေပြီဖြစ်၍သာ sj
နမ်ဂျွန်တို့ဆီ လျှောက်မသွားခြင်းဖြစ်သည်။

chanyeolတို့ကတော့ ရုပ်ရှင်ကြည့်လိုက် စကားပြောလိုက်နဲ့ ဘေးပတ်ဝန်းကျင်ကိုပင်
ဂရုမစိုက်။ တစ်ခါတစ်ခါ ဂျွန့်နားနားကပ်ပြီး
စကားတွေပြောလိုက်သေးသည်။ ထိုအခါ ဂျွန့်ရဲ့
ရယ်သံက တိုးညှင်းစွာ ထွက်လာပြီး ခေါင်းငုံသွားသည်ကို တွေ့လိုက်ရသည်။ ဂျွန်က chanyeolအပြောတွေကြောင့် ရှက်နေသည်ကို
အမူအရာကြည့်ရုံနဲ့ပင်သိနိုင်သည်။ ထို့အပြင်
မုန့်ကိုပါ ခွံ့ကျွေးလိုက်သေးသည်။ သူ့သူငယ်ချင်း
ဒီလောက်ထိ နူးညံ့တတ်မှန်း sjမသိခဲ့။

sj ရုပ်ရှင်ကိုရော solarပြောသမျှပါ စိတ်ထဲမရောက်။ ရှေ့က နှစ်ယောက်ဆီကိုသာ
စိတ်ရောက်ပြီး ရုပ်ရှင်မြန်မြန်ပြီးဖို့သာ ဆုတောင်းနေမိသည်။ ဘယ်သူကများ chanyeolနဲ့အတူတူ သွားဖို့ ခွင့်ပေးလိုက်တာလဲ။ နမ်ဂျွန် ကိုယ့်သဘောနှင့်ကိုလိုက်လာတာဆိုရင် sj မှတ်လောက်သားလောက် ဆုံးမရလိမ့်မည်။ chanyeolဆိုတာ လူတိုင်းနှလုံးသားကို
ကစားစရာလို ဆော့ကစားနေသောသူတစ်ယောက်။ sjရဲ့သူငယ်ချင်းဖြစ်ဖြစ် နမ်ဂျွန်နဲ့တော့
ဘယ်လိုမှ သဘောမတူနိုင်ပေ။ sj လက်သီးကို ဆုပ်လိုက်ပြီး အံကြိတ်ကာ နမ်ဂျွန်တို့ကို
ကြည့်နေမိသည်။

solar ဘေးကsjကို တစ်ချက်တစ်ချက်စောင်း
ကြည့်နေမိသည်။ ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင်
ဟိုကောင်လေးနဲ့ လာတွေ့နေခြင်းပင်။ ဘယ်လိုလုပ်ပြီး အဲ့ကောင်လေးနဲ့ ရေစက်က ဒီလောက်ပါနေလဲမသိ။ ပြီးတော့ sjရဲ့သူငယ်ချင်း chanyeolပါ ပါလာ၍ အံ့သြမိသည်။ chanyeolလိုလူက ဘာကိစ္စ ဒီလိုကလေးနဲ့လိုက်လာရလဲ နားမလည်အောင် ဖြစ်မိသည်။ chanyeolဘေးမှာ ချောတဲ့လှတဲ့သူတွေတစ်ပုံကြီး။ ဘာလို့ ဒီလိုကောင်လေးကို အရေးပေးနေရတာလဲ။

ချစ်သော ဦးငယ်Where stories live. Discover now