အပိုင်း[၂၅]

194 21 11
                                    

jm ဂျွန်လက်ကို ဆွဲကာ အခန်းထဲ ခေါ်လာခဲ့သည်။ jkနဲ့taeက မနက်စာ စားတုန်းမလို့
အခန်းထဲမရှိခဲ့။ jmသာ ဂျွန်နောက်လိုက်လာ
ခဲ့ခြင်းဖြစ်သည်။ ထင်သည့်အတိုင်း sjအခန်း
ရှေ့မှာ solar noonaနဲ့စကားပြောပြီး
လှည့်ထွက်လာတဲ့ ဂျွန့်ကို မျက်ရည်များနဲ့
တွေ့လိုက်ရတော့အခန်းထဲ ခေါ်လာခဲ့သည်။
ဂျွန်က ကုတင်ပေါ် ထိုင်သည့်အချိန်ထိ
jmကို မော့ကြည့်မလာခဲ့။ လက်နှစ်ဖက်ကို
ပေါင်ပေါ်တင်ကာ ခေါင်းငုံရက်သားဖြင့် မျက်ရည်များကျနေခဲ့သည်။
ဂျွန်ရဲ့ပထမဆုံးအချစ်ဦးက ဂျွန့်အတွက်
မဖြစ်နိုင်တဲ့သူဖြစ်နေ၍ jmစိတ်မကောင်း။
jm ဂျွန့်ခန္ဓာကိုယ်လေးကို ဆွဲ့ပွေ့ကာ
ကျောကို ပုတ်ပေးတော့ ဂျွန်ရှိုက်သံများ
ထွက်ကာ ငိုနေခဲ့သည်။

"ji…jimin ဘာလို့ ဂျွန့်ရင်ဘတ်ထဲက ဘာလို့
တအားနာကြင်နေရတာလဲ လူတစ်ယောက်ကို
ချစ်မိတာက အမှားတစ်ခုလား”

jm ခေါင်းရမ်းလိုက်ပြီး

"လူတစ်ယောက်ကို ချစ်မိတာ အမှားတစ်ခုမဟုတ်ပါဘူး ဂျွန်က ကိုယ့်ကို ပြန်မချစ်နိုင်တဲ့
သူကို ချစ်မိသွားတာလေး တစ်ခုပဲ အဲ့ဒါက
လည်း ဖြည်းဖြည်းချင်း ကြိုးစားရင် ဂျွန့်
ဦးငယ်ကို မေ့ပြီး တစ်ခြားသူတစ်ယောက်ကို
ချစ်လာနိုင်မှာပါ ဟုတ်ပြီလား”
"ဂျွန်…ဂျွန်လေ ကြိုးစားနေခဲ့တာပဲ
ဒီတစ်လျှောက်လုံး ဂျွန်ရဲ့ဦးငယ်ကို
မချစ်အောင် ဒါပေမယ့် ပို…ပိုပြီးတော့
တောင် ချစ်လာသလိုပဲ
ဂျွန်ဘယ်လိုလုပ်ရမလဲ minnie”

jm ဂျွန့်ကိုကြည့်ကာ သက်ပြင်းချလိုက်မိသည်။

"အင်း တဖြည်းဖြည်းနဲ့ ဂျွန်အဆင်ပြေလာမယ်
လို့ minnieထင်တယ် အခုဂျွန်စိတ်ရှိသလောက်ငိုပစ်လိုက် ဟုတ်ပြီလား ဒါပြီးရင်တော့
ဂျွန်ရင်ထဲက ဦးငယ်ရဲ့အချစ်ကို သိမ်းထား
လိုက်ပြီး ဂျွန့်အတွက်အမြဲအဆင်သင့်ရှိနေ
တဲ့သူအတွက် ဂျွန့်ရဲ့နှလုံးသားတံခါးကို
ကြိုးစားပြီး ဖွင့်ပေးကြည့် ဟုတ်ပြီလား
ဂျွန်လုပ်နိုင်မှာပါ ဂျွန်က သန်မာတဲ့သူတစ်ယောက်တစ်ယောက်ဆိုတာ minnieယုံပြီး
သား”

ဂျွန် ခေါင်းငြိမ့်လိုက်သော်လည်း jmရင်ခွင်ထဲ မျက်နှာအပ်ကာ မျက်ရည်များက စီးကျ၍
သာနေခဲ့သည်။ ဂျွန်တစ်ယောက် မနက်စာ
ကိုပင်မေ့နေကာ အစောက ကုတင်ပေါ်မှာ
အိပ်နေတဲ့ sjရဲ့ပုံကပဲ ဂျွန့်ရဲ့အတွေးတွေထဲမှာ
စိုးမိုးနေခဲ့သည်။ ကိုယ်မပိုင်ရမှန်း အစကတည်းကသိထားသော်လည်း ထိုမြင်ကွင်းက ဂျွန့်ရဲ့နှလုံးသားကို အဆပေါင်းများစွာ
နာကြင်စေခဲ့သည်။ ဂျွန် ငိုရင်းနဲ့ပင် jmရဲ့
ရင်ခွင်ထဲ အိပ်ပျော်သွားခဲ့သည်။ jm ဂျွန့်ခန္ဓာကိုယ်လေးကို လှဲလိုက်ပြီး စောင်ခြုံ
ပေးလိုက်သည်။ ဂျွန်ရဲ့မျက်နှာလေးက
မျက်ရည်စီးကြောင်းများဖြင့် ဖြစ်နေကာ
ငိုထားသောကြောင့် ပါးနှစ်ဖက်က
ရဲနေခဲ့သည်။ လက်နှစ်ဖက်က စောင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ရှိုက်သံနဲ့
အတူပါးစပ်ကလည်း ဦးငယ်ဟု ယောင်နေခဲ့သည်။jm သူ့သူငယ်ချင်းကို ကြည့်ပြီး
စိတ်မကောင်းဖြစ်မိသည်။ ဂျွန့်ရဲ့အခုပုံစံက ဘယ်အချိန်မဆို ပန်းပွင့်ဖတ်များကြွေကျ
သွားနိုင်သည့် ပန်းလေးတစ်ပွင့်ပမာပင်။
ညှိုးနွမ်းနေခဲ့သည်။

ချစ်သော ဦးငယ်Where stories live. Discover now