အပိုင်း (72)

Start from the beginning
                                    

ဒီလိုနဲ့ ခရီးထွက်ဖို့ပြင်ကြရသည်။

Lord ရောက်လာမည့်ကိစ္စကြောင့်
အရာအားလုံးလဲ ရှုပ်ယှက်ခတ်နေကြသည်။

"ဟိုရောက်ရင် ကိုယ်ရံတော် လျော့ထား
ရှုပ်နေရင် ကြည့်မကောင်းဘူး..."

ခွန်း က Lord နဘေး မှာ ထိုင်တယ်ဆိုပေမယ့်
ခပ်ဝေးဝေးမှာပင် ခွန်းတို့ကြားထဲ လူနှစ်ယောက် လောက်ဝင်နေလို့ရတယ်... ခွန်း က ကားပြတင်း
ကိုသာကြည့်နေမိသည်။

တဖြေးဖြေး အိပ်ငိုက်လာသည်။

ညကလဲ ကောင်းကောင်းမအိပ်ထားတော့လေ။

Lord လက်ထောက်က ကားမှန်ကနေကြည့်တော့ တစ်ချိန်လုံး ကပ်နေတယ့် အတွဲလေ.. အခုမှ ဘယ်လိုတွေကွဲနေတာလဲ...ငါက ပဲ ကူညီရမှာပေါ့....ငါ​ပဲ ...
ကူညီလိုက်မယ်
ကားက ရုတ်တရက် အနည်းငယ် ယိုင်သွားသည်။

ဒါကြောင့် ခွန်း....နဖူးလေး....ပြတင်းနဲ့ ဆောက်
မိသွားသည်။

Lord ချက်ချင်း ကို စိတ်ပူသွားကာ..

"ဟေ့ရောင် ဘယ်လိုမောင်းနေတာလဲ..."

"တောင်းပန်ပါတယ် Lord..."

Lord က ချက်ချင်း ခွန်း နဖူး လေးကို ကြည့်ပေးနေသည်။

"နာသွားလား"

"နည်းနည်းပါ...."

"အိပ်ချင်ရင်... ပေါင်ပေါ် လှဲအိပ်"

သူပေါင်ကို ပုတ်ပြသည်။
ခွန်း က ပြုံးမိသွားသည်။

Lord က သူ့ကို
ဂရုစိုက်နေတုန်းပဲဆိုတာ သိသွားလို့ပင်။

ခွန်း ချက်ချင်း Lord ပေါင်ပေါ် ခေါင်းလေး
အုံးကာ မျက်ဝန်းတွေမှိတ်လိုက်သည်။

Lord ရဲ့ လက်က ခွန်း ရဲ့ ဆံနွယ်တွေကို
သပ်ပေးနေမိသည်။

ခွန်းလဲ ကောင်းကောင်း အိပ်ပျော်သွားခဲ့သည်။

~~~~~~~~~♥♥♥♥♥~~~~~~~~~~

နောက်ဆုံး တော့ ရောက်လာခဲ့ပြီ... ခွန်း နဲ့ ဆူးတို့က ယာယီအဆောင်မှာ အရင်နေကြရသည်။

မြို့ကြီး က တော်တော်ကို ပျက်စီးနေပြီး ကယ်ဆယ်ရေးတွေနဲ့လဲ ရှုပ်နေကြသည်။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now