အပိုင်း (72)

Start from the beginning
                                    

ခွန်း ကို လွမ်းနေသည်။

မှတ်လောက်အောင်..သင်ခန်းစာလေးပေးချင်မိတာပါ...နောက်ခါမလုပ်ရဲအောင်...ငိုများသွားမလား..လွန်သွားမလား...ချော့လိုက်ရမလား...
စိတ်များဆိုးနေမလား....မေးခွန်းပေါင်းများစွာဖြင့်.

သူလဲ မနေနိုင်ပါဘူး......ခွန်းမရှိဘဲ...

~~~~~~~~~♥♥♥♥♥~~~~~~~~~~

မနက် ငါးနာရီကြီး ခွန်း နိုးနေတာနဲ့...ပန်းချီပဲ ထဆွဲလိုက်သည်။

ညကလဲ အိပ်မပျော်ခဲ့ပါဘူး...

ရဲတိုက်တံခါးဖွင့်ကာ သစ်ပင်ကြီး အောက် မှာ
မီးရောင်တွေက တထိန်ထိန်လင်းနေသည်။
ရဲတိုက်ကြီးက ညမရှိဘူးလို့ဆိုရလောက်တယ်

ညကြရင်လဲ တထိန်ထိန်လင်းပြီး ရွှေရောင်တဖြိုးဖြိး
တဖြတ်ဖြတ်ဖြင့် ထွန်းလင်းတောက်ပနေသည်။

"လှလိုက်တာ..... "

ပန်းချီဆွဲရင် အမှားနှင့်ဝမ်းနည်းမှု ဆိုတယ့် အကြောင်းတရားနှင့်ပန်းချီ ရေးဆွဲနေသည်။

ဆွဲရင်းဆွဲရင်း မနက် 8 နာရီ ထိုးသွားသည်။

"မမလေး....မနက်စာ အဆင်သင့်ဖြစ်ပါပြီ"

"အင်း...."

မနက်စာ ဝိုင်းဝယ် Lord နဲ့ ဆူးရှိနေသည်။

ခွန်း က ဝင်ထိုင်လိုက်ကာ အေးစက်သော
မနက်စာဝိုင်း ကို စတင်ခဲ့သည်။

ခွန်း လဲ Lord ကို ဘာမှ ပြောစရာမရှိတော့ဘူး...

Lord က အရင် စကား စ ပြောသည်။

"ဒီနေ့ သဘာဝဘေးအန္တာရာယ်ကြောင့် ပျက်စီးသွားတယ့် မြို့အခြေနေကိုသွားကြည့်မှာ....တော်ဝင်မိသားစုအနေနဲ့ လုပ်သင့်တာပဲ...သွားကြည့်
ရမယ်....မင်းတို့နှစ်ယောက် လဲ လိုက်ခဲ့ရမယ်"

"ဟုတ်ကဲ့... Lord..."

"ခွန်း...က လိုက်စရာ လိုလို့လား"

"မင်းက ငါ့ချစ်သူလေ မလိုက်ပဲနေခဲ့မလို့လား.."

"မဟုတ်ပါဘူး... လိုက်ချင်ပါတယ်.. "

ခွန်း က နည်းနည်း တော့ ပျော်မိသွားပေမယ့်
တစ်ချိန်တည်းမှာပဲ....ဝမ်းနည်းမိတယ်... ညက
ကိစ္စတွေကြောင့်....

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now