Chapter-64

950 210 2
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

အရင်တစ်ခေါက် သူမ,လာခဲ့သည့်အချိန်တုန်းက လုကုသည် သူမ,ရင်ဘတ်နားလောက်တွင်သာရှိသည်, သို့သော် ယခုမူ သူမထက် အရပ်ပိုရှည်သည့် ဆယ်ကျော်သက်ကောင်လေး ဖြစ်နေလေပြီ။

နဉ့်ကျီ ကြည်နူးသွားရသည်။ သူမ,မျက်စိရှေ့တွင်ပင် သူမ၏ခင်ပွန်းလေးမှာ ကြီးပြင်းလာလေသည်!

"အစ်မကြီးကို မှတ်မိသေးရဲ့လား လုကု?" နဉ့်ကျီ နူးညံ့စွာ မေးလိုက်သည်။ 

သူမ လုကုလေးအား တွေ့မြင်ခဲ့သည်မှာ ရက်အနည်းငယ်သာ ကြာသေးသော်လည်း သူ့အတွက်မူ နှစ်များကြာချေသည်။

ဆယ်ကျော်သက် လုကု သူမအား ကြည့်လာပြီး ဘာမျှမပြော။ နဉ့်ကျီလက်ထဲမှ သူ့လက်ကိုပင် ဆွဲထုတ်လိုက်သည်။ 

နဉ့်ကျီ အနည်းငယ် မင်သက်သွားသည်။ လုကုလေး သူမကို မေ့သွားပြီလား?

သူမ အနည်းငယ် စိတ်ပျက်သွားသလို ခံစားရ၏ "ဘာလို့ ဒီကိုရောက်နေတာလဲ? ဒါရိုင်ဘာကရော ဘယ်မှာလဲ?"

အော်တစ်ဇင်ရှိသည့်သူများသည် လည်နေသည့် အရာဝတ္ထုများအား ကြည့်ရသည်ကို သဘောကျကြသည်။ လမ်းမပေါ်တွင် အလျင်အမြန်လည်နေသည့် တာယာများသည် သူတို့၏အာရုံအား လွန်စွာဖမ်းစားနိုင်သည်။ ထို့အပြင် သူတို့သည် ကားများအားရှောင်ရန်လည်း နားမလည်ပါချေ။ လမ်းပေါ်တွင် သူတို့တစ်ယောက်တည်း ထားခြင်းမှာ အလွန်ကို အန္တရာယ်များလှသည်။ 

နဉ့်ကျီ မျက်မှောင်ကြုံ့လိုက်သည် "ဒီကို တစ်ယောက်တည်းရောက်နေတာ မေမေရောသိလား?"

လုကု ခဏမျှကြာသည်အထိ နှုတ်ခမ်းတို့ တင်းတင်းစေ့ပိတ်ထားလျက် ထို့နောက် ပြောလာသည် "၈၂၃"

သူသည် အခု ဆယ်ကျော်သက်တစ်ယောက်ဖြစ်သည်။ သူ၏အသံမှာ ဩရှလျက် သူ၏အရွယ်ရောက်ပြီးအရွယ်မှ နက်ရှိုင်းသောအသံနှင့် အလွန်ခြားနားသည်။ 

"၈၂၃ကဘာတုန်း?" သူ ပြောချင်သည့်အရာအား နဉ့်ကျီ နားမလည်။

လုကု၏ မျက်လုံးတို့ တစ်ဝက်မှေးစင်းထားသည်။ ရှည်လျားဖြောင့်စင်းနေသည့် မျက်တောင်များ အနည်းငယ် လှုပ်ခါသွားကြသည်။ အသားအရေမှာ အေးစက်လျက် ဖြူဖြူဖျော့ဖျော့။ ကလေးဆန်နေတုန်းဖြစ်သော မျက်လုံးမျက်ခုံးများ အသာမျက်မှောင်ကြုံ့သွား၏။ အားမလိုအားမရနှင့် အနည်းငယ်မကျေမနပ်ဖြစ်နေပုံပါပင်။ 

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now