Chapter-16

2.9K 467 18
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

နဉ့်ကျီ လုကုလေးအား ထပ်၍အနိုင်မကျင့်တော့။ ထိုညတွင် သူမသည် ဆိုဖာပေါ်တွင်သာ နေခဲ့သည်။

ဆိုဖာပေါ်တွင် တစ်ညကုန်ဆုံးရပြီးနောက် သူမ၏နောက်ကျောမှာ အခြေအနေသိပ်ကောင်းလိမ့်မည်မဟုတ်ဟု တွေးထားခဲ့သော်လည်း နောက်တစ်ရက်မနက်၌ နိုးလာခဲ့သည့်အချိန်တွင် မသက်မသာဖြစ်မှု တစ်စုံတစ်ရာကိုမျှမခံစားရပေ။ 

သူမနှင့်မျက်စောင်းထိုးတွင် အနီရောင်ညအိတ်ဝတ်စုံနှင့် လုကုအသေးလေး နိုးလာ၏။ သူသည် သူ့အားစောင့်ကြည့်ပေးနေရန် မည်သူ့ကိုမျှမလိုအပ်ဘဲ သူ့ဘာသာသူ အသင့်ပြင်ကာ ပြင်ဆင်တတ်လေသည်။ အရွယ်ရောက်ပြီးသား ကလေးတစ်ဦးကဲ့သို့ သူသည် လေးလေးနက်နက် ရှိလှ၏။

သူမတို့သည် လုကု၏အော်တစ်ဇင်အား အလွန်ငယ်ရွယ်သေးသည့် အချိန်ကတည်းက ရှာတွေ့ခဲ့ကြပြီး ကုသမှုများကို ချက်ချင်းစတင်ခဲ့သည်ဟု အမေလု နဉ့်ကျီအား အရင်က ပြောပြခဲ့ဖူးသည်။ ယခုလက်ရှိအရွယ် လုကုသည် အခြားသူများနှင့် နီးကပ်ခြင်း သို့မဟုတ် ပွေ့ချီခံရထားရခြင်းတို့အား မနှစ်သက်သည်မှလွဲ၍ အရာအားလုံးတွင် သာမန်ကလေးတစ်ယောက်လိုပင်ဖြစ်သည်။

သူ၏ အနီရောင်မူကြိုဝတ်စုံကို လဲဝတ်ထားပြီဖြစ်သည့် လုကုအသေးလေးသည် သူ့ဘာသာသူပင် အောက်ထပ်သို့ဆင်းကာ အစေခံက လွယ်အိတ်အနီလေးကို သူ၏နောက်မှ သယ်လာခဲ့သည်။

နဉ့်ကျီ သူတို့နောက်မှ ဖြည်းဖြည်းချင်းသာ လိုက်လာခဲ့၏။

အိုင်းယား သူမရဲ့ခင်ပွန်းလေးက မူကြိုသွားတော့မလို့ပဲ။

မနက်စာစားပြီးနောက် အဖေလုသည် ရုံးသို့ထွက်သွားပြီး အမေလုသည် လုကုအသေးလေးအား မူကြိုသို့ လူကိုယ်တိုင် လိုက်ပို့ပေးလေသည်။

နဉ့်ကျီ ကားထဲသို့ အလျင်အမြန် ခုန်ဝင်လိုက်၏။ သူမ၏ခန္ဓာကိုယ်သည် ကားထဲသို့ ချောချောမွေ့မွေ့ ‌ဝင်ရောက်သွားပြီး သူမ ခရီးသည်ခုံတွင် ထိုင်လိုက်သည်။ ဤအချိန်လေးတွင် ကားနောက်ခုံတွင်ထိုင်နေသော လုကုအသေးလေးသည် သူမအား အကြည့်တစ်ချက်ပေးလာလေသည်။

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now