Chapter-58

2.1K 312 5
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

ဟော်ရှောင်းယန် မျက်နှာထက်တွင် အပြုံးသေးသေးလေး ရှိနေသည် "အင်း"

"သူက အရင်တုန်းကလို တုံးနေတုန်းဘဲ ပြီးတော့ ပြောသေးတာ ငါ့ကိုမမှတ်မိဘူးတဲ့ ၊ ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလိုက်လဲ?" ဟော်ရှောင်းယွဲ့ သူ့အစ်ကို၏ခြေထောက်နားတွင် မီလိုက်သည် "ငါ့မှာဖြင့် သူ့ကိုလက်မထပ်ရရင် တစ်သက်လုံး singleဖြစ်တော့မယ်ထင်နေခဲ့တာ, သူကကျ အခု မိန်းမတောင်ရနေပြီ"  

ဟော်ရှောင်းယန် သူ့ညီမလေး၏စကားအား အာရုံစိုက်နားထောင်နေခဲ့သည်။

"အဲ့မိန်းမက လုကုနားကပ်ရပြီး ထိလို့တောင်ရတယ်" ဟော်ရှောင်းယွဲ့ ကွန်ပလိန်းတက်သည် "သူ(မ)ကဖြင့် ငါ့လောက်လည်းမလှဘူးကို လုကု မျက်လုံး ဆေးစစ်ဖို့လိုနေပြီ"

ဟော်ရှောင်းယန် ကူကယ်ရာမဲ့စွာ ခေါင်းအား ခါယမ်းလိုက်၏။ သူ၏ညီမငယ်လေးတွင် အားနည်းချက်တစ်ခုရှိလေသည်- ရုပ်ရည်ချောမောသူများကိုသာ သဘောကျခြင်း။

"လုကုသာ တခြားတစ်ယောက်နဲ့ လက်ထပ်သွားတာမြင်ရရင် ငါ အရမ်းဝမ်းနည်းမိမယ်ထင်ခဲ့တာ" ဟော်ရှောင်းယွဲ့ နှာတရှုံ့ရှုံ့ဖြင့် "ဒါပေမယ့် အဲ့လိုမဖြစ်ခဲ့ဘူး ကိုကြီး, ငါ တောင်းပန်ပါတယ်"

သူမသာ ယခုလို အလိုလိုက်ခံဆိုးသွမ်းနေသည့် ချီးထုပ်မဖြစ်ခဲ့လျှင် သူမ၏အစ်ကိုမှာ လုကုအားကယ်တင်ခဲ့ခြင်းကြောင့် ဝှီးလ်ချဲပေါ်တွင် ထိုင်နေရလိမ့်မည်မဟုတ်။ 

"ဒုက္ခိတဖြစ်ရမယ့်လူက ငါပါ" ဟော်ရှောင်းယွဲ့ တအားကိုနောင်တရသည်။ သူမ၏အစ်ကို တစ်သက်လုံး ဝှီးလ်ချဲအသုံးပြုသူဖြစ်ခဲ့ရခြင်းမှာ အားလုံးသူမ၏အမှားကြောင့်ပင်။ သူမ၏အစ်ကိုမှာ ဒီအတိုင်း ထက်မြက်လှသည့် အမျိုသားဖြစ်သည်ကို။ 

သူမကြောင့်သာမဟုတ်ခဲ့လျှင် သူမ၏အစ်ကိုမှာ ကျောင်းမှာသာမက ကုမ္ပဏီမှာပါ အတောက်ပဆုံးကြယ်တစ်ပွင့် ဖြစ်နေလိမ့်မည်ပင်။ 

ထိုကြောင့်ပင် သူမ၏အမေမှာ သူမအပေါ်တွင် အခဲမကြေနိုင်ခြင်း။ သူမ(အမေဟော်)သည် သူမ(ဟော်ရှောင်ယွဲ့)အား သူမအနားတွင်မရှိစေချင်သည်မှာ ဖြစ်သင့်ပါသည်။

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now