Chapter-6

3.2K 495 11
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်❤️

နဉ့်ကျီ overlordကို ခေါ်လိုက်သည် "င့ါရောင်ဝါက အမျိုးသမီးဇာတ်လိုက်ရဲ့ပစ်မှတ်လို့ နင်ပြောတယ်မလား။ ငါက ငါ့ရောင်ဝါပြန်ရအောင် နေလုံးလေးတွေကိုစုမယ် ပြီးလည်းပြီးရော အမျိုးသမီးဇာတ်လိုက်က ထပ်ပြီးပြန်ယူသွားဦးမယ်ဆိုရင် ဘယ်လိုလုပ်မလဲ? ငါလုပ်သမျှက လုံးဝအကျိုးမရှိ ဖြစ်နေပြီပေါ့"

Overlordက အလျင်အမြန် ရှင်းပြလေသည် : [နေလုံးလေးတွေကို လဲလှယ်ခြင်းကနေ ပြန်လည်ရယူထားတဲ့ ရောင်ဝါကို လင်ထန်းထန်းပြန်ယူလို့ မရနိုင်ပါဘူး]

နဉ့်ကျီ : "လင်ထန်းထန်းက ငါ့ရောင်ဝါကို ပြန်ယူလို့မရဘူးဆိုတော့ သူ(မ)က ပစ်မှတ်ထပ်ပြောင်းပြီး တခြားသူတွေကို ထိခိုက်စေမှာလား?"

[လင်ထန်းထန်းမှာ ပစ်မှတ်ကို ရွေးချယ်ဖို့ အခွင့်အရေးက တစ်ခါပဲရှိတာပါ။ သူ(မ)က Hostကိုရွေးချယ်လိုက်ပြီးပြီ။ အခြားပစ်မှတ်တစ်ခုကို ‌ပြောင်းလို့မရတော့ပါဘူး]

နဉ့်ကျီသည် ၎င်းအား မှတ်ချက်တစ်ခုနှင့် ဂုဏ်ပြုရန်ပင် ဆန္ဒရှိမနေ "ငါ လုကုဆီကနေ နေလုံးလေးတွေကို စုဆောင်းတာက သူ့ကို မကောင်းတဲ့ဘက်ကနေ အကျိုးသက်ရောက်‌စေနိုင်လား?" 

သူမသည် ကြင်နာတတ်သည့် လူတစ်ယောက်ဖြစ်ကြောင်း နဉ့်ကျီမပြောနိုင်သော်လည်း သူမ၏ကိုယ်ပိုင် အကျိုးအမြတ်အတွက်နှင့် လင်ထန်းထန်းလုပ်ခဲ့သလိုမျိုး အခြားသူများအား ထိခိုက်အောင် လုပ်လိုစိတ်မရှိပေ။

Overlordသည် အလေးအနက်ပင် ပြန်ဖြေလာသည် [နေလုံးလေးတွေ စုဆောင်းတာက လုကုကို ထိခိုက်စေမှာ မဟုတ်ပါဘူး တစ်ကယ်ဆို အနာဂတ်မှာ သူ့အတွက်အများကြီး အကူအညီဖြစ်စေမှာ]

နောက်ဆုံးတွင် နဉ့်ကျီ စိတ်ခံစားချက် ပိုကောင်းသွားရသည်။

"ရှောင်ကျီ ၊ ဒီနေ့လယ်တုန်းက လုကု ကဏ္ဍတစ်ခုဖြစ်ပြန်ပြီလို့ ငါကြားတယ် နင်အဆင်ပြေရဲ့လား?" လင်ထန်းထန်းသည် နဉ့်ကျီအား အကဲခတ်ရင်း မေးလာသည်။

ယနေ့တွင် သူမသည် နဉ့်ကျီထံမှ နောက်ဆုံးရောင်ဝါကို ယူခဲ့ပြီးဖြစ်လေသည်။ နဉ့်ကျီ၏အသားအရောင်သည် တောက်ပမနေတော့ဘဲ ဝါညစ်ညစ်ဖြစ်လာသည်ကို သူမ,ပြောနိုင်သည်။ တစ်ခါက လှပခဲ့သည့် မဟူရာမျက်ဝန်းများသည်ပင် တောက်ပမှုတို့မရှိတော့ပေ။

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now