Chapter-40

2.3K 410 9
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🍄

အမေလင်ထွက်သွားပြီးနောက် လင်ထန်းထန်း နဉ့်ကျီထံ လျှောက်လာခဲ့သည် "ရှောင်ကျီ စကားပြောရအောင်"

"ဘာအကြောင်းလဲ?" နဉ့်ကျီ နှုတ်ခမ်းများကို ခပ်တင်းတင်းစေ့လိုက်သည် "နင် လုကုကို အရက်ပေးလိုက်တဲ့အကြောင်းလား?"

"နင်ဘာတွေပြောနေတာလဲ?" လင်ထန်းထန်း ထိတ်လန့်သွားသည် "ငါကဘာလို့ အဲ့လိုလုပ်ရပ်မျိုး လုပ်ရမှာလဲ? အဲ့လိုလုပ်တော့ ငါဘာရမှာမို့လို့လဲ?"

သူမ နဉ့်ကျီအား သေချာကြည့်လာသည် "ဘာလို့ နင် အဲ့လိုထင်ရတာလဲ? အခုတလော ငါ့အပေါ် နင့်သဘောထားတွေ ပြောင်းလဲလာသလိုဘဲ" 

နဉ့်ကျီ သူမအား အေးစက်စွာ ကြည့်လိုက်သည် "နင့်ကိုယ်နင် ကာပြနေစရာမလိုဘူး ၊ နင်ဆိုတာ ငါသိပြီးသား"

သက်သေမရှိလျှင်တောင် လင်ထန်းထန်း လက်ချက်ဆိုသည်ကို နဉ့်ကျီသိပြီးသားပင်။

အကြောင်းပြချက်မှာ ရှင်းရှင်းလေးပင်။ အများရှေ့တွင် လုကုအား သူ့ကိုယ်သူ အရှက်ရအောင်လုပ်စေကာ နဉ့်ကျီအား အခက်အခဲဖြစ်စေလိုခြင်း။

Overlord သူမအား ပြောပြထားဖူးသည် , သူမ၏ဘဝခက်ခဲလေ သူမ,မပျော်မရွှင်ဖြစ်လေ သူမထံမှရောင်ဝါကို လင်ထန်းထန်း ခိုးရလွယ်လေပင်။ အတိတ်တုန်းက မူလပိုင်ရှင်အား လင်ထန်းထန်းသည် တစ်လျှောက်လုံး အမျိုးမျိုး ကြံစည်ခဲ့သည်ပင်။

"ရှောင်ကျီ ၊ နင်ဘာဖြစ်နေတာလဲ?" လင်ထန်းထန်း မျက်မှောင်ကြုံ့ထားသည်။

ဝိုင်မှာ အစေခံများက ငှဲ့ပေးခြင်းဖြစ်ပြီး ဧည့်သည်တိုင်းတွင် တစ်ခွက်စီရှိကြသည်။ နဉ့်ကျီနေရာတွင်တစ်ခွက် လုကုနေရာတွင်တစ်ခွက်။ အယ်လ်ကိုဟောပါဝင်မှုမှာ အလွန်ကိုမြင့်သည်။

နှစ်ခွက်သောက်ပြီးနောက် မွေးနေ့ပွဲတွင် လုကုပြဿနာရှာလိမ့်မည်ဟု သူမ,တွက်ထားခဲ့သည်။

ထို့နောက် နဉ့်ကျီသည် ဤကဲ့သို့သော ယောက်ျားမျိုးကို လက်ထပ်မိခဲ့သောကြောင့် အလွန်အရှက်ရလိမ့်မည်။ သူမ လုကုအား ပိုမိုမုန်းတီးကာ လုအိမ်တော်တွင်နေထိုင်ရသည်ကိုပါ မုန်းတီးလာမည်။

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now