Chapter-54

1.5K 261 12
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

"နေဦး" ဒါရိုက်တာဝမ် အော်လိုက်သည် "မိတ်ကပ်က ဒီနေ့ ဘယ်လိုဖြစ်နေတာလဲ လင်ထန်းထန်း? အရင်နေ့တွေက ပုံစံနဲ့ ဘာလို့လုံးဝကွဲနေရတာလဲ? ငါတို့က ပြန်လည်ရိုက်ကူးရေးလုပ်နေတာနော် ၊ ဒီလိုပုံစံနဲ့ဆို ပရိတ်သတ်က မတူတော့တဲ့အချက်ကို တန်းသတိထားမိမှာပေါ့ကွ"

ဒါရိုက်တာဝမ်သည် ရုပ်ထွက်အား လုံးဝကြည်လင်ပြတ်သားနေအောင် ရိုက်ကူးလိုသူဖြစ်သည်။ Post-production editing(မြန်မာလို ဘယ်လိုခေါ်လဲမသိလို့ ကယ်ကြပါဦး အဓိပ္ပါယ်ကတော့ ရိုက်ကူးရေးပြီးစီးသွားတဲ့အချိန်ကျရင် နောက်ဆုံးလုပ်ရတဲ့ဟာလေးလေ ပြန်လည်editလုပ် ရုပ်ထွက်effectဘာညာချိန်ညှိတဲ့လုပ်ငန်းပါ)များလွန်းခြင်းကို လုံးဝလုံးဝကို မကြိုက်ချေ။ သို့ဖြစ်ရာ သရုပ်ဆောင်၏ မိတ်ကပ်နှင့်ပတ်သက်၍ သူ၏စံနှုန်းမှာလည်း အလွန်ကိုမြင့်သည်။  

သူသည် အမျိုးသမီးဇာတ်လိုက် လင်ထန်းထန်း၏ fanတစ်ယောက် ဘယ်တုန်းကမှဟုတ်မနေ။ သူမ၏သရုပ်ဆောင်အရည်အချင်းမှာ ဆိုးဝါးလွန်းသော်လည်း သူမသည် သူမကိုယ်သူမ အကောင်ကြီးကြီးစတိုလ် ဖမ်းတတ်သေးသည်။ သူမ၏လှပသောမျက်နှာနှင့် သူလိုအပ်နေသော အမျိုးသမီးဇာတ်ကောင်ပုံစံနှင့် လိုက်ဖက်နေသောကြောင့်သာမဟုတ်လျှင် သူ သူမအား ဘယ်တော့မှ သူ့ရုပ်ရှင်တွင် ခေါ်သုံးလိမ့်မည်ဟုတ်။ 

ယခုမူ လင်ထန်းထန်း၏ပါးပြင်နှင့် နှာခေါင်းထက်ရှိ များလွန်းသောအရောင်တင်များကိုကြည့်ရင်း ဒါရိုက်တာဝမ်၏မျက်ခုံးများ ကြုံ့သွားရတော့သည်။ သူ လင်ထန်းထန်းအား ထိုဟာများကို လုံးဝအသုံးမပြုရန်နှင့် မိတ်ကပ်ကိုလည်း ထူထူမလိမ်းရန် တောင်းဆိုခဲ့ပြီးသားဖြစ်သည်။ 

လင်ထန်းထန်းမျက်နှာ နီသွားရတော့သည်။ အားလုံး၏အကြည့်အောက်၌ပင် အဝတ်လဲခန်းသို့ပြန်သွားရရင်း သူမ၏မျက်နှာမှာ လမ်းတစ်လျှောက် နီရဲနေခဲ့သည်။

သူမ မိတ်ကပ်များ ဖျက်ပစ်လိုက်ပြီး ပြန်ရောက်လာသည့်အချိန်တွင် ဒါရိုက်တာဝမ်၏ မျက်ခုံးများသည် ကြုံ့နေတုန်းပင်။

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now