Chapter-46

2.6K 410 17
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

သူမ၏ဘေးက နဉ့်ကျီမှာ အံ့ဩမင်သက်သွားရလေရာ လက်ဖဝါးပေါ်တင်ထားသော မေး‌စေ့ပင် ချော်ကျသွားရပြီး ခုံပေါ်မှ ပြုတ်ကျမတတ်ပင်။

အခုခေတ်ကလေးတွေ အရွယ်ရောက်မြန်လှချည်လားဟ?

သူမ လုကုလေး၏နားသို့ အလျင်အမြန် တိုးကပ်သွားလိုက်သည် "မရဘူးနော် လက်မခံရဘူး။ ကုကုက ကလေးဘဲရှိသေးတာလေ ၊ စာကိုဘဲကြိုးစားရမှာ ၊ တခြားအရာတွေ အာရုံစိုက်လို့မဖြစ်ဘူး"

နဉ့်ကျီ ပြောလိုက်သည် "ကျောင်းသားဆိုတာ စာကြိုးစားရမှာ ၊ တက္ကသိုလ်မတက်ခင်အထိ ရည်းစားဆိုတာ မထားသင့်ဘူးနော် ရှောင်ကုကု" 

သူမ အနည်းငယ်တွေးတောလိုက်ပြီးနောက် တစ်ကိုယ်ကောင်းဆန်လှစွာပင် လေသံပြောင်းလိုက်ပြန်သည် "တက္ကသိုလ်တက်ရင်တောင် စာဘဲအာရုံစိုက်သင့်တယ်" 

သူမ လုကုအသေးလေးအား ရည်းစားမထားစေချင်ပါပေ။

အောက်သို့ငုံ့ထားသော လုကုအသေးလေး၏ မျက်ခွံလေးများ အနည်းငယ် မငြိမ်မသက်ဖြစ်သွားကြသည်။ ထို့နောက် ကလေးမလေးအား မော့ကြည့်လာရင်း ပြောလိုက်သည် "မကြိုက်"

ကလေးမလေးမှာ ရှော့ခ်ရသွားပုံပင်။ ခြေဆောင့်ရင်း စိတ်ဆိုးမာန်ဆိုး ဆိုသည် "အဲ့ဒါဆို ငါလည်းနင့်ကို ဒီအချိန်ကစပြီး မကြိုက်တော့ဘူး ၊ နင့်ဆီ လာလည်းမလာဘူး ကယ်လည်းကယ်မပေးဘူး ၊ နင်အနိုင်ကျင့်ခံရရင်တောင် ကူမပေးဘူး"

ထိုသို့ပြောပြီးနောက် ကလေးမလေးသည် သူမ၏ခုံဆီ ပြန်ပြေးသွားတော့သည်။

ယနေ့ခေတ်ကလေးများ အတော်ပင် အရွယ်ရောက်မြန်လှချည်လားဟူ၍ နဉ့်ကျီတစ်ယောက် ခံစားသွားရရှာသည်။ သူမ မူလတန်းတက်နေတုန်းကဆို သူမတစ်နေ့လုံး တွေးနေမိသည့်အရာမှာ နေ့တိုင်းနေ့တိုင်း မည်သည့်အဝတ်အစားလှလှလေးအား ဝတ်ဆင်ရမည်နှင့် မည်သည့်အချိုပွဲအား စားရမည်ကိုပင်။

"ရှောင်ကုကုလေး ခုနက ကလေးမလေးနဲ့ သူငယ်ချင်းတော့လုပ်လို့ရတယ် ဒါပေမယ်..." လုကု၏ဗလာကျင်းနေသော အကြည့်နှင့်တွေ့ဆုံမိလိုက်သောအခါ နဉ့်ကျီ ရှင်းပြရန်မကြိုးစားတော့။ ထားလိုက်ပါတော့ ဒီငတုံးလေးက ဘာသိမှာတုန်း?

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now