အခန်း ၂၅

386 64 14
                                    

တောင်ဘက်ပန်းဥယာဥ်ထဲ ကန်ရေပြင်အရှေ့မှာ ရှိနေတဲ့ စင်သီယာရဲ့အနားကို ပူပင်ကြီးစွာဖြင့် ရောက်လာသည့် စောယွန်း ။

" မဏိ မဏိ မဟုတ်လား ။ ဘာတွေဘယ်လိုဖြစ်ကုန်တာလဲ မဏိရယ် မောင်တော့်ကို ပြောပါဦး "

" မြင်ရတွေ့ရကြားရတဲ့အတိုင်းပဲလေ ။ ဘာကိုပြောရဦးမှာလဲ .. "

" မဏိ .. "

" ငါ့နာမည် မဏိ မဟုတ်ဘူး ။ စင်သီယာ .. ငါ့နာမည် မှတ်ထား စင်သီယာ .. "

" စင်သီယာမကလို့ ဘာပဲဖြစ်ဖြစ်ကွာ .. မဏိကကျုပ်ချစ်ရတဲ့သူ ကျုပ်ရဲ့ပန်းကလေး .. ကျုပ်အပိုင် ဘယ်သူလက်ထဲမှ မထည့်ပေးနိုင်ဘူး ။ မောင်တော့် အနားမှာပဲနေပါ မဏိရယ် နော် .. "

" ငါမှမနေချင်တော့တာ .. ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း ဘာမှန်းသိသင့်နေပြီ ။ ထမင်း ထမင်းချင်း မစားကောင်းဘူး "

" မဏိ ဘာတွေပြောနေတာလဲ ။ မောင်တော် ချစ်တာတစ်ခုပဲသိတာပါ မဏိရယ် "

" ဟုတ်တယ် စောယွန်း ။ မင်းကငါ့ကိုချစ်တာပဲသိတာ ။ မင်းမသိတာမင်းကိုယ်မင်းပဲ ။ မိန်းမတစ်ယောက်ကို ပြုစုယုယနိုင်တာ ယောက်ျားပဲရှိတာ ။ ဒီယောက်ျားနဲ့ပဲ မိသားစုဆိုတဲ့ အသိုက်အမြုံကို တည်ဆောက်နိုင်မှာပေါ့ ။ "

" ဘာတွေလဲ မဏိရာ ။ မောင်တော် မရှင်းဘူး ။ "

စင်သီယာဟာ သူ့ခန္ဓာကိုယ်ပေါ်က အဝတ်တန်ဆာတို့ကို ဆွဲချွတ်ပြီး စောယွန်းကိုပြသည် ။

" မဏိ .. "

" ငါ့ခန္ဓာကိုယ်နဲ့ အတူတူအိပ်ဖူးပါလျက်နဲ့ ကိုယ့်ခန္ဓာကိုယ် ဘယ်လိုရှိမှန်း မသိခဲ့ဘူးမလား စောယွန်း .. "

" .. .. .. "

" မိန်းမခန္ဓာကိုယ်နဲ့မင်းက ယောက်ျားတစ်ယောက်လို မပြုစုနိုင်ဘူး .. "

" ခင်ဗျာ ! "

" ကိုယ့်ဟာကိုယ်ပြန်ကိုင်ကြည့် .. မင်းက မိန်းမခန္ဓာကိုယ်နဲ့ ယောက်ျားယောင်ဆောင်ထားတဲ့ မိန်းမတစ်ယောက်ပဲ .. "

စင်သီယာပြောတဲ့စကားတွေကို စောယွန်းတကယ်နားမလည်ပါဘူး ။ မြင့်မြတ်တဲ့ယောက်ျားတစ်ယောက်လို အင်အားအပြည့်ရှိတဲ့စောယွန်းဟာ ဒီစုန်းမပြောသလိုများ ဖြစ်နေပေမလား ။ ဒီမေးခွန်းတွေဟာ စောယွန်းဦးနှောက်ထဲကို စက္ကန့်ပိုင်းအတွင်း အကြိမ်ပေါင်းများစွာ ရောက်လာခြင်ပင် ။

စက္ခုဝတီပြည်သို့ စင်သီယာ ရောက်လတ္တံ့Where stories live. Discover now