အခန်း ၁၇

582 76 5
                                    

" မဏိ ။ ကျုပ်ရဲ့ ပန်းကလေး ။ ကျုပ် သိပ်ချစ်ရတဲ့ ပန်းကလေးရေ ။ "

ခေါ်နေတာ အကြောင်းတော့ မဟုတ်ပါဘူး ။ ချစ်သူလေး မျက်စိအောက်က ခဏလေး ပျောက်တာတောင် စောယွန်းမှာ နေမထိ ထိုင်မသာ ။

" မဏိ ... မဏိ .. အဘယ်တွေ ရောက်နေတာလဲ ကျုပ် ပန်းကလေးရဲ့ ။ "

" ဒီမှာ စောယွန်း ။ "

အိမ်တော် အပြင်ဘက်က ညာဘက်သစ်ပင်တွေကြားက အော်ပြောသံကြောင့် သွားကြည့်၏ ။

" ဟော ။ ကျုပ် ချစ်သူလေး ဒီမှာ ဘာတွေတူးနေတာတုန်း ။ "

" ကန်စွန်းဥ ... ကန်စွန်းဥလေ ။ ညစာအတွက် များများလေး တူးနေတာ ။ "

" ကျုပ်အတွက် ညစာက မဏိ ရှိနေပြီလေ ။ "

" ဟမ် ။ ဘာ ဘာ ဘာကို ဆိုလိုတာလဲ စောယွန်း ။ "

စင်သီယာရဲ့ မေးခွန်းကို သူ အဖြေမပေးသေးဘူး ။ သူချစ်တဲ့ ပန်းကလေးရှိရာ အနားကို သွားသည် ။ ပြီးတော့ ပွေ့ဖက်သည် ။ ဒီ ပွေ့ဖက်ခြင်း​ကြောင့် ရင်ထဲဝုန်းဒိုင်းကြဲသွားသည်က စင်သီယာ ။

" အို စောယွန်း ။ "

လုပ်ပြန်ပြီ အဲ့ဒီ့ အပြုံး ။ နှုတ်ခမ်းထောင့်စွန်းလေးသာ ပင့်တင်တဲ့ အပြုံး ။ ချစ်ရည်ရွှမ်းတဲ့ မျက်ဝန်းတွေက ပြုံးပြတဲ့ အပြုံး ။ ဒီအပြုံးတွေကြောင့် ရူးတော့မယ် ။

" ငါ့ကို အဲ့လို မကြည့်စမ်းနဲ့ စောယွန်း ။ "

မာထန်ပြီး တည်ငြိမ်နေတဲ့ လေသံမျိုး မဟုတ် ။ ရှက်လွန်းလို့ တောင်းဆိုတဲ့ လေသံမျိုး ။

" အဟားဟား .. .. "

" ဟမ် ဘာရယ်တာလဲ ။ "

" ကျုပ် ပန်းကလေးက ရှက်နေတာကိုး ။ ဘာလို့ ရှက်နေတာပါလိမ့် ။ မဟုတ်မှလွဲရော ကျုပ်များ စကားမှားသွားလို့လား ။ "

" ဦးနှောက်ရှိရင် စဥ်းစားပေါ့ ရှင်ရယ် ။

ကျုပ်အတွက် ညစာက မဏိ ရှိနေပြီလေ .. ဘာလဲ စောယွန်း ။ အဲ့တာ ဘာစကားလဲလို့ ။ "

" အလို မဏိ ။ ကျုပ်ပြောသည်က ရိုးရှင်းပါတယ် ။ မဏိ မျက်နှာလေး တစိမ့်စိမ့် ကြည့်နေရရင်ကို ကျုပ် ဝမ်းတွင်းက အပြင်စာကိုတောင် မလိုလားတော့ဘူး ။ ဒါကို ပြောတာပါ မဏိ ရဲ့ ။ "

စက္ခုဝတီပြည်သို့ စင်သီယာ ရောက်လတ္တံ့Where stories live. Discover now