အခန်း ၁၆

639 63 6
                                    

မဏိရေကန်ဟာ အတော့်ကိုမှ ကြည်လင်လန်းဆန်းလှ၏ ။ သစ်ပင်တွေကြားက နေရောင်ခြည်အလင်းတန်းက ဒီရေကန်ကို ထိုးဝင်နေမည်ဆိုရင် ရတနာသိုက်ကို တွေ့မြင်နေရသလို ဖြစ်မည် ။

ရေကန်ဘေးက ကျောက်စရစ်တွေပေါ်မှာ ထိုင်နေကြတဲ့ ပူပူနွေးနွေးချစ်သူနှစ်ဦး ။ တစ်ယောက်ရင်ခွင်ထဲ တစ်ယောက်ဝင်ကာဖြင့် နူးညံ့စွာ ပွေ့ဖက်နေကြတဲ့ ချစ်သူနှစ်ဦး ။ နွေးထွေးသော ချစ်စကားလေးတွေ တုန့်ပြန်ပြောဆိုနေကြသော ချစ်သူနှစ်ဦး ။

" ကျုပ်ဖြင့် သိပ်ပျော်တာပဲ မဏိရဲ့ ။ "

" ဘာပြုလို့လဲ စောယွန်း ။ "

" ဟောဗျာ ။ ဘာပြုရမှာလဲ ။ ကျုပ် သိပ်ချစ်ရတဲ့မိန်းမက ယခုဆိုရင်ဖြင့် ကျုပ်ရင်ခွင်ထဲမှာ ရောက်နှင့်ပြီလေ ။ ကျုပ်ရဲ့ ပိုင်ဆိုင်ခြင်း ။ အကြင်နာတွေ ပိုလိုက်ပုံများ ကျုပ်ဖြင့် မယုံကြည်နိုင်လောက်အောင်ပဲ မဏိ ။ "

" သိလား စောယွန်း ။ အသင့်ရဲ့ ပိုင်ဆိုင်ခြင်းအဖြစ် ထာဝရ ရှိနေချင်ပြီ ။ "

" မဏိကို ပိုင်ဆိုင်ရမယ်လို့ ကျုပ် နှလုံးသားက ယုံကြည်ထားပါရဲ့ ။ "

စောယွန်းဟာ ပြုံး၏ ။ သူ့အပြုံးလေးကို အနီးအနားမှာ မြင်ရတာက ဒီနှလုံးသားကို ပိုလို့တောင် တုန်ရီလာစေ၏ ။

" စောယွန်း ။ "

" ပြောပါ မဏိ ။ ကျုပ် နားထောင်နေပါတယ် ။ "

ဒီစကားလေးကြောင့် နှလုံးသားလေးက ပျော်ရွှင်လာရပြန်၏ ။ စုန်းမဖြစ်နေလည်းပဲ ဒီလူသားလေးဆီမှာ ပြုစားခံနေရပါပြီ ။

" အသင့်ရဲ့ အပြုံးတွေကလေ ဒီစုန်းမ လက်မြှောက်အရှုံးပေးရတဲ့ ရန်သူ့နယ်မြေပဲ သိလား ။ ဘယ်လောက်ပဲ အနိုင်တိုက်နေပါစေ ။ ဘယ်လောက်ပဲ ခုခံနေရပါစေ ။ အလံဖြူထောင်ပြရတာပဲ အချစ်ကလေးရဲ့ ။ "

အချစ်ကလေး .. .. အချစ်ကလေး ။ နားထောင်လို့ သိပ်ကောင်း ။

" မဏိ ကျုပ်ကို ဘယ်လိုခေါ်လိုက်တယ် ။ "

" အယ် ဟိုဒင်း .. "

" ထပ်ခေါ်စမ်းပါဦး မဏိရဲ့ ။ ကျုပ်နားထဲကို ပျားရည်လောင်းချသလိုပဲ ။ အတော့်ကို ချိုတယ် ။ "

စက္ခုဝတီပြည်သို့ စင်သီယာ ရောက်လတ္တံ့Where stories live. Discover now