အခန်း ၁၈

673 72 5
                                    

လပြည့်နေ့ ရောက်ဖို့ အချိန်အားဖြင့် ၃ ရက်သာ လိုတော့၏ ။ ထိုလပြည့်နေ့မှာ စောယွန်းဟာ ဥပရာ ( အိမ်ရှေ့မင်းသား ) အစ်ကိုတော်များနှင့် အတူတကွ စစ်တိုက်ထွက်ရမည် ။ စောယွန်းရဲ့မိခင် သီရိမဟာဒေဝီက သူ့သားတော်ကို မိန်းကလေးဖြစ်နေမှန်း သိပါလျက်နဲ့ စောယွန်းအား ဥပရာ ဖြစ်စေချင်သူ ။ တစ်ချိန်မှာ စက္ခုဝတီတိုင်းပြည်အား ပိုင်စားစေချင်သူ ဖြစ်၏ ။

စောယွန်းဟာ ဒီအကြောင်းတရားများအား စိတ်မဝင်စား ။ အရေးမပါသည်ဟု ထင်၏ ။ သူစိတ်ဝင်စားသည်က ပန်းချီအနုပညာ ။ တိုင်းပြည်ကို ကာကွယ်ပြုမည့် စစ်သူကြီး ။ သူ့အတွက် အရေးပါဆုံးဟာ သူသိပ်ချစ်ရတဲ့ ပန်းကလေး ။ သူ့ရဲ့ မဏိ ။

သူ့နှလုံးသားထဲက ဒီအချင်းတရားများသာလျှင် သူ့အတွက် ပြည့်စုံသည်ဟု ထင်၏ ။ သူ့၏ ပျော်ရွှင်မှုကို ပူလောင်ခြင်းများနှင့် မပြည့်စုံစေလို ။ စောယွန်းဟာ တကယ်ကိုပဲ အေးချမ်း တည်ငြိမ်တဲ့ ရေပြင်လေးနဲ့ တူ၏ ။

စိတ်နဲ့ရေးတဲ့ ပန်းချီကားကိုသာ ရူးသွပ်နေတဲ့ သူ ။ ဒီပန်းချီကားလေး ပြီးဆုံးအောင် ရေးဖို့ အချိန်ဘယ်လောက်ထိ ကြားမလဲ ။

" သံသရာမှာ ကံ ၃ ပါး ရှိတယ် ။ အတိတ် ၊ ပစ္စုပ္ပါန် နဲ့ အနာဂါတ် ။ ဒီသံသရာရဲ့ အတိတ်မှာလည်း ချစ်ခဲ့ဖူးတယ် ။ ပစ္စုပ္ပါန်မှာလည်း ချစ်နေဆဲပဲ ။ အနာဂါတ်မှာတော့ အနတ္တ စကြာဝဠာ အထိ ကျုပ်ချစ််မယ် ။

ကျုပ်ရဲ့ ပန်းကလေး ။ ကျုပ်အချစ်တွေကြောင့် ပျော်ရွှင်စေချင်တယ် ။ "

ဒီစကားကို ပြောနေတဲ့သူ့ရဲ့ မျက်ဝန်းတွေဟာ နီသွေးဖြာနေတဲ့ စင်သီယာရဲ့ မျက်ဝန်းတွေကို စူးစူးနစ်နစ် ကြည့်နေခဲ့တယ် ။ စုန်းမတစ်ကောင်တောင် မျက်နှာလွှဲလို့ ရှက်မိတဲ့ မျက်ဝန်းအကြည့်တွေပါ ။

ဒီအချစ်မျက်ဝန်းတွေနဲ့ ဒီစုန်းမကို ခဏခဏ သိမ်းပိုက်အနိုင်ယူနေတာ မလွန်ပေဘူးလား ။

" ကျုပ် မုသားမပြောပါဘူး မဏိရဲ့ ။ ကျုပ် အချစ်ကို ယုံလို့ရပါတယ် ။ "

စင်သီယာ မျက်နှာလွှဲလိုက်တာ မယုံကြည်လို့ မဟုတ် ။ ရှက်လို့ပါ ။ မျက်လုံးချင်း မဆုံရဲလောက်တဲ့အထိ ရှက်လွန်းလို့သာ မျက်နှာလွှဲတာပါ ။ ဒါကို ရှက်တယ်လို့ သဘောမပေါက်ဘဲ သူ့အချစ်ကိုမယုံလို့များလား ဆိုပြီး အထင်မှားနေသည့် စောယွန်း ။

စက္ခုဝတီပြည်သို့ စင်သီယာ ရောက်လတ္တံ့Where stories live. Discover now