အခန်း ၁၃

607 65 0
                                    

နောက်တစ်နေ့ မနက်သို့ ရောက်သောအခါ ။

" ကျုပ်လည်း မဏိ မကြည်ဖြူဘဲ မဏိ အိမ်တော်မှာ နေထိုင်နေတာ အတော်ကြာရောပေါ့ ။ ကျုပ် မာတာလည်း ကျုပ်ကို မျှော်လင့်စောင့်စားနေတော့မှာပဲ ။ ကနေ့တော့ ကျုပ်ပြန်လိုက်ပါဦးမယ် မဏိ ။ "

" ကြွပါတော် ကြွပါ ။ အသင့်အိမ်ကို အသင်မေ့များနေပြီပကောလားလို့တောင် ထင်မှတ်နေတာ ။ ယခုကဲ့သို့ ကိုယ့်အိမ်တော်ကိုယ် သတိတရ ရှိလာတဲ့အတွက် ငါ ဝမ်းသာပါတယ် အေ ။ "

ဒီလိုတုန့်ပြန်တော့ သူက ပြုံးသည် ။ ဒီအပြုံးတွေဟာ အသက်ကိုပင် ဆုံးရှုံးရလောက်အထိ ဖြစ်စေတယ်ဆိုတာကို သူ မသိလို့များလား ။

" ကျုပ်ကို အတော်နှင်ချင်နေပါပကောလား မဏိ ။ "

ဆိုပြီး သူက ရယ်တာပေါ့ ။ သွားဖြူဖြူတွေ ပေါ်အောင်ရယ်တော့လည်း စောယွန်းဟာ တစ်မျိုးကြည့်ကောင်းနေပြန်ရော ။

" ကျုပ် မရှိတဲ့အချိန်တွေ လျှောက်သွားမနေနဲ့ဦး ။ နောက်တစ်ရက် ကျုပ် ပြန်လာခဲ့မယ် ။ "

" အို ။ မင်းနှယ့်လည်း နေရပ်ပြောင်းလာဖို့များ စိတ်ကူးရှိနေသလား မသိပါပေဘူး ။ "

" ဖြစ်နိုင်ရင်ပေါ့ မဏိရယ် ။ ဖြစ်နိုင်ရင်တော့ ကျုပ်ဘဝတစ်လျှောက်လုံး မဏိနဲ့ပဲ နေချင်တာပေါ့လို့ ။ "

" အို အရူးပဲ ။ နေချင်တိုင်း နေရအောင် ။ အသင်နဲ့ငါက ဘာတစ်ခုမှ မဆိုင်ပဲ ။ "

" ဆိုင်ချင်ပါတယ် ။ ဆိုင်ချင်တယ် မဏိရဲ့ ။ "

စောယွန်းရဲ့ ချစ်ရည်ရွှမ်းတဲ့ မျက်ဝန်းရွဲတွေကို ဆုံပြီး မကြည့်ရဲတော့ပါဘူး ။ ရှက်နေမိသည်ကိုလည်း သူ သိတဲ့ပုံပါပဲ ။

" ကျုပ် အချစ်တွေကို ယုံလို့ရပါတယ် မဏိ ။

ဟုတ်ပါပြီဗျာ ။ သည်အကြောင်းတွေ ပြောနေလို့လည်း မဏိ ရှက်နေရုံပဲ ရှိမှာ ။ ဆိုတော့ကာဗျာ ။ ကျုပ် ပြန်လာမယ့်နေ့ မဏိရဲ့မေတ္တာစာကို ပြန်ပေးပေါ့ဗျာ ။ ကျုပ် မျှော်လင့်နေပါ့မယ် မဏိ ။ "

ဆိုပြီး ပါးပြင်နုနုလေးကို အနမ်းဖွဖွပေးခြင်းကြောင့် ရင်ခုန်ရပါလေသည် ။ သူကတော့ တစ်ချက်လှည့်မကြည့်ဘဲ ကျန်ခဲ့တဲ့ သည်မိန်းမမှာတော့ အသည်းနှလုံးဟာ သွေးဆူသလို ဆူပွက်လာတဲ့အပြင် တစ်ကိုယ်လုံးပါ ခွေယိုင်ကျချင်ပြီ ။

စက္ခုဝတီပြည်သို့ စင်သီယာ ရောက်လတ္တံ့Where stories live. Discover now