အခန်း ၃၁

534 53 3
                                    

စုန်းမတွေရဲ့စည်းမျဥ်းက အေးချမ်းစွာနေထိုင်ရမယ် ။ စုန်းမအချင်းချင်းလေးစားမှုရှိရမယ် ။ တစ်ကောင်ရဲ့ပိုင်ဆိုင်မှုကို နောက်တစ်ကောင်က လုယူလို့မရဘူး ။ သူ့ရဲ့ပိုင်နက်ကို မကျူးလွန်ရဘူး ။

စင်သီယာဟာ ဒီစည်းမျဥ်းတွေနဲ့ သက်ဆိုင်မနေခဲ့ဘူး ။ ဒီလို မသက်ဆိုင်ရခြင်းဟာ စုန်းမတွေကိုယ်တိုင်ကြောင့်ပဲ ။

" သွေးနှောနေတဲ့စုန်းက ဘယ်လိုမှစုန်းမတစ်ကောင် ဖြစ်လာမှာမဟုတ်ဘူး .. .. "

" စင်သီယာ နင့်မှာစုန်းတစ်ကောင်ရဲ့ အရည်အချင်းတွေ မရှိဘူး .. .. "

" နင်ကပျော့ညံ့လွန်းတယ် .. .. "

" ဘယ်လိုမှ စုန်းမမဖြစ်နိုင်ဘူး .. .. "

မိဘမရှိတဲ့ ၁၀ နှစ်အရွယ် စုန်းမလေးစင်သီယာက ဒီမျိုးနွယ်တွေကြားမှာ ခဏခဏအနှိမ်ခံ အလှောင်ခံဖြစ်ခဲ့ရတာပါ ။ ဒီလိုစုန်းမတွေရဲ့ သားသမီးတွေကလည်း သူ့ကိုဆိုအနိုင်ကျင့်ကြတယ် ။ သူဟာစုန်းတိုင်းပြည်ဘုရင်မရဲ့ တူမဖြစ်နေတာတောင် သူ့ဘက်မှာဘယ်သူ့မှမရှိခဲ့ကြဘူး ။

တစ်နေ့ မိုးတွေသည်းကြီးမဲကြီးရွာတော့မယ့် တစ်နေ့ပေါ့ ။ စုန်းမလေးစင်သီယာဟာ တောထဲကသစ်ပင်ကြီးတစ်ပင်ပေါ်မှာ နစ်နစ်ကလေးအတွေးများခဲ့ပါသည် ။

" ငါဘာမှမလုပ်နိုင်ဘူးလား .. .. " မေးခွန်းထုတ်ပေမယ့်လည်း စင်သီယာလေးရဲ့မေးခွန်းကို ဖေုမယ့်လူ မရှိခဲ့ပါဘူး ။ ဒီအသိုင်းအဝိုင်းမှာကြီးပြင်းနေပေမယ့်လည်း ဒီအသိုင်းအဝိုင်းရဲ့သွေဖယ်ခြင်းကို ခံနေရတာဟာ အထီးကျန်တာထက် ဆိုးပါတယ်လေ ။

သစ်ကိုင်းဂွမှာမှီထားတဲ့ တံမြက်စည်းကို တွေတွေကလေးငေးနေရှာပြန်သည် ။

" စင်သီယာ !! "

" ဟင် ... အစ်ကိုတော်သြရသ "

သြရသဟာ ၁၈ နှစ်အရွယ် စုန်းကောင်လေးတစ်ကောင်ပေါ့ ။

" ဒီမှာဘာထိုင်လုပ်နေပြန်ပြီလဲ .. .. ထုံးစံအတွင်း အရေးမပါတာတွေကို ထိုင်တွေးပြီး ခေါင်းစားနေပြန်ပလား .. .. "

" အရေးမပါတာ မဟုတ်ပါဘူး အစ်ကိုတော် .. .. "

သြရသဟာ စင်သီယာနဲ့သွေးမတော်သားမဆက်တဲ့ စုန်းကောင်လေးပေါ့ ။ ညီမလေးလိုတစ်မျိုး သူငယ်ချင်းလိုတစ်မျိုး ပေါင်းသင်းမှုတွေကို စင်သီယာဟာ အထင်မှားခဲ့ပြီး အစ်ကို့ကိုချစ်ခဲ့မိတယ်လေ ။ တခြားသူတွေရဲ့စကားထက် အစ်ကို့ရဲ့စကားကို ပိုပြီးအလေးထားဖြစ်တယ် ။ ဒီလိုအနှိမ်ခံရပြီးဆို အစ်ကိုကသစ်ပင်လေးတစ်ပင်ဖြစ်ပေးခဲ့တာ အကြိမ်လည်းမနည်းခဲ့ပါဘူး ။

စက္ခုဝတီပြည်သို့ စင်သီယာ ရောက်လတ္တံ့ ( Complete )Where stories live. Discover now