အခန်း ၁၄

623 60 1
                                    

စက္ခုဝတီတိုင်းပြည်၏ နန်းရင်ပြင် တစ်နေရာ၌ အသင်္ခယာစောယွန်း နှင့် အတူတူ မင်းသမီး ပဒုမ္မာတို့ ရှိနေကြသည် ။

ပဒုမ္မာ၏ ရင်ထဲအသည်းမှာတော့ စောယွန်းရဲ့ မင်္ဂလာစကားကြောင့် ပူဆွေးသောက ရောက်နေရှာသည်လေ ။

" မင်းသားလေး ။ "

တုန်ရီနေတဲ့ အသံတွေ မျိုချပြီး အားတင်းခေါ်နေရတဲ့ အသံမျိုး ဖြစ်နေရှာသည် ။ ဒါတွေကို စောယွန်း မသိပါဘူး ။ သူ့ရင်ထဲမှာ ဖခမည်းတော်ရဲ့ ခွင့်ပြုချက်ကြောင့် သူချစ်တဲ့မိန်းမကို ပိုင်ဆိုင်ရတော့မည် ဆိုတာကိုပဲ သူသည်၏ ။ သူ့ကို သိပ်ချစ်ရတဲ့ မိန်းမအတွက် ခံစားချက်သေးသေးလေးတောင် ငဲ့မကြည့်ပေးဘူး ။

" ပြောပါ မင်းသမီး ။ "

" အရှင်မင်းသား ။ တကယ်ပဲ ကျွန်တော်မျိုးမကို ထားခဲ့တော့မှာလားဟင် ။ "

မျက်ရည်ဝိုင်းနေတဲ့ ဒီမျက်ဝန်းတွေထဲက မျက်ရည်တစ်ပေါက် တောက်ခနဲ မကျလာဖို့အတွက် ထိန်းသိမ်းနေရှာတဲ့ မင်းသမီးလေးပါ ။

" အဘယ်သည်ကို ထားခဲ့ရမှာပါလိမ့် မင်းသမီးရဲ့ ။ ကျွန်တော်မျိုးမ နားတော်မှာ အစဥ်မရှင်းပေဘူး ။ "

မချစ်တတ်ခြင်း နဲ့ ဒီလူသားရဲ့ နှလုံးသားဟာ ဒီမိန်းမပျိုလေးအတွက်ပါပေလား ။ မျှော်လင့်ခြင်း တစ်စွန်းတစ်ဖျားတောင် မရှိတော့ပေဘူးလား ။

" မင်းသားလေးကို ကျွန်တော်မျိုးမ နှစ်သက်တော်မူမိနေတာ ကြာလှပါပြီ ဖုရား ။ ကျွန်တော်မျိုးမရဲ့ နှလုံးသားတစ်စုံကို သနားငဲ့ညှာပါ ။ " ဟု ပြောချင်ပေမယ့် ထိုစကားများ အန်ထွက်၍ မလာ ။

ဝမ်းနည်းစိတ်တွေကိုသာ ဖြေဖျက်ရင်း ။

" ကျွန်တော်မျိုးမကို မေးခွန်းလေးထုတ်ခွင့်ပေးပါ ဖုရား ။ "

" ကောင်းပါပြီ မင်းသမီး ။ သိလိုရာမေးခွန်းအား မေးနိုင်ပါတယ် ။ "

" ဘယ်လိုများ လက်ထပ်ထိမ်းမြားမယ့် ကြင်ယာတော်ကို ရှာတွေ့ခဲ့ရပါလဲ ဖုရား ။ "

စောယွန်းဟာ ပြုံးသည် ။ ဒီမေးခွန်းအတွက် သူ့အပြုံးတွေဟာ အဖြေဖြစ်နေသည် ။ ဒီအပြုံးဟာ ပဒုမ္မာမင်းသမီးငယ်လေးရဲ့ ဘဝမှာ တစ်ကြိမ်တစ်ခါတောင် မမြင်ဖူးတဲ့ အပြုံးမျိုး ။ အထူးသဖြင့် စူးနဲ့စိုက်တဲ့ အပြုံးမျိုး ။ နာကျင်ရသည် ။

စက္ခုဝတီပြည်သို့ စင်သီယာ ရောက်လတ္တံ့Where stories live. Discover now