အခန်း ၃၀

528 65 1
                                    

ဘုရင့်နန်းဆောင်အရှေ့မှာ ထိပ်တိုက်တွေ့ဖြစ်ကြတဲ့ သူမတို့နှစ်ယောက် ။ ဟုတ်ပါတယ် .. စင်သီယာနဲ့ သီရိမဟာဒေဝီပေါ့ ။ မိဖုရားရဲ့တင်းမာနေပုံဟာ စင်သီယာအတွက် ဟာသတစ်ပုဒ်ဖြစ်နေတယ် ။ စုန်းမတစ်ကောင်ရဲ့ မဲ့ပြုံးတွေဟာ သီရိမဟာဒေဝီအတွက် ရွံစရာကောင်းနေပြန်တယ် ။ အမျိုးသမီးနှစ်ဦးရဲ့ တစ်ယောက်ကိုတစ်ယောက် မုန်းတီးခြင်းတွေပါပဲ ။

" ဘုရင်မင်းမြတ်ကို အခစားဝင်မလို့ပါလား မိဖုရား .. ကျွန်တော်မျိုးမနဲ့ အတူတူ အခစားဝင်ရအောင်လေ "

" ကျွန်တစ်ယောက်လို အဆင့်မတူတဲ့ မိစ္ဆာနဲ့ အခစားမဝင်နိုင်ဘူး !! "

စင်သီယာကနှုတ်ခမ်းကိုတင်းတင်းစေ့ပြီး ပြုံးရင်း ။

" တော်ဝင်ကြင်ယာတော်တစ်ယောက်အနေနဲ့ မိဖုရားကြီးကို ဦးစားပေးလိုက်ပါမယ် "

ဆိုပြီး ဦးညွှတ်လိုက်သည် ။ နန်းတွင်းသူတွေရှိနေလို့ သူ မလုပ်ချင်တဲ့ဒီလုပ်ရပ်ကို လုပ်လိုက်ရတာ ဖြစ်နိုင်ရင် အဟုတ်ကြီးမှတ်နေတဲ့မိဖုရားကို ကောင်းကောင်းကြီးဆုံးမပစ်လိုက်ချင်ရဲ့ ။

သူ့အရှေ့ကဖြတ်လျှောက်သွားတဲ့မိဖုရားကို မျက်ခွံလှန်ကြည့်ပြီး " နောက်တစ်ခေါက် နင့်အလှည့်ပဲ သီရိမဟာဒေဝီ !! " ဆိုပြီး ဝမ်းတွင်းကကြွေးကြော်ပစ်လိုက်ပြန်တယ် ။

လုပ်မှာ .. စင်သီယာက တကယ်လုပ်မှာ ။ အခွင့်မရလို့သာ ငြိမ်ခံနေလိုက်မယ် ။ အခွင့်ရရင် နေ့မပြောနဲ့ ညတောင်မကူးစေရဘူး ။

" ငါဆိုတဲ့စုန်းမက အင်မတန်ရက်စက်လွန်းလို့ နယ်နှင်ဒါဏ်ခံခဲ့ရတာ .. စက္ခုဝတီတိုင်းပြည်ကို ဖျက်ဆီးဖို့ဆိုတာ ငါ့အတွက်ပမွှားလေးပဲ !! အေး .. .. ဒီတိုင်းပြည်ကို မီးဟုန်းဟုန်းတောက်ပြီး ပြာဖြစ်အောင် ငါလုပ်ပြမယ် .. စောင့်ကြည့်နေလိုက် သီရိမဟာဒေဝီ .. နင့်ဘက်မှာဘယ်သူမှမရှိစေရဘူး !! "

စင်သီယာဟာ ဘုရင့်နန်းဆောင်ကိုကျောခိုင်းပြီး ပဒုမ္မာကြာကန်ဆီကို သွားလေတော့ပြီ ။ သူ့လိုစုန်းမတစ်ကောင်ဟာ စိတ်အေးချမ်းပျော်မွေ့ဖို့အတွက် ကြာကန်ကိုသွားတာမဟုတ်ဘူး ။ လာရာလမ်းမှာမြင်တွေ့ခဲ့ရတာ မင်းသမီးကြောင့်သာ ။ ဟုတ်ပါတယ် ။ မင်းသမီးလေး ပဒုမ္မာပါ ။

စက္ခုဝတီပြည်သို့ စင်သီယာ ရောက်လတ္တံ့ ( Complete )Where stories live. Discover now