" ငါတို့နှစ်ယောက်အတူရှိတာ ဒီတစ်ခါနောက်ဆုံးဖြစ်လိမ့်မယ် စောယွန်း .. ဒီလိုအတူရှိခဲ့တာကိုလေ နောက်တစ်နေ့ကျရင် အိပ်မက်လိုဖြစ်သွားတော့မှာ .. "
အိမ်တော်ရှိကုတင်ပေါ်မှာ စင်သီယာကစောယွန်းကို ကလေးတစ်ယောက်လိုပဲ ခေါင်းကိုပွတ်သပ်ပေးနေတော့တယ် ။ စင်သီယာရဲ့စကားတွေက ဘာကိုရည်ညွှန်းမှန်းသူသိ၏ ။ မျက်ရည်တွေအဆက်မပြတ်ကျဆင်းနေပေမယ့်လည်း ဒါဟာ နောက်တစ်နေ့မှာတကယ်မဟုတ်တဲ့ အိပ်မက်ဖြစ်လာမှာကို သိ၏ ။
" မဏိ .. .. "
" ဟင် .. .. "
စောယွန်းကရင်ခွင်ထဲကထွက်ပြီး စင်သီယာအပေါ်ကို အုပ်မိုးသည် ။ စောယွန်းရဲ့မျက်ရည်တွေက စင်သီယာရဲ့မျက်နှာပေါ်ကို တောက်ခနဲ တို့ခနဲ ။
" မောင်တော်လေ မဏိကိုသိပ်ချစ်တာ မဏိရဲ့ .. မောင်တော်နှလုံးသား ကြွေကျတဲ့အထိ မဏိကိုချစ်တာ .. .. ဒီလောက်ပဲရက်စက်ပြီး မောင်တော့်ဆီကို ပြန်လာပါလား မဏိရယ် ။ "
" မလုပ်ချင်ဘူး မောင်တော် ... ဆုံးဖြတ်ချက်ကချပြီးပြီ ပြန်ပြင်လို့မရတော့ဘူး !! "
" မောင်တော့်ကိုမချစ်ဘူးလား ... မောင်တော့်ကိုမသနားဘူးးကွယ် .. "
" ချစ်တယ် .. ဒါပေမယ့် မသနားနိုင်ဘူး ။ သီရိမဟာဒေဝီကို အလဲထိုးဖို့ မောင်တော်ကမြှားတစ်စင်းပဲ .. မောင်တော် နားမယ်ဆိုတာကိုလည်း သိပြီးသားပါ ။ "
စင်သီယာရဲ့ရင်လွှာပေါ်ကို မျက်နှာအပ်ပြီး တရှုပ်ရှုပ်ငိုတော့ပြီ ။ တစ်ကိုယ်လုံးကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ပုံမှာ အဝတ်ကိုရေညှစ်နေသလိုပဲ ။
" စောယွန်း .. "
" ဗျာ .. .. "
" ဒီည ငါ့ဘဝကို မင်းပိုင်ပါတယ် ... "
ရှိုက်ကြီးတငင်ကို ငိုလေပြီ ။ စောယွန်းရဲ့မျက်ရည်တွေကလည်း အဆက်မပြတ်စီးဆင်းနေပေလို့ ။
" ရက်စက်တယ် မဏိရာ !! "
ရက်စက်တယ် ။ ဟုတ်တယ် ရက်စက်တာထက်ပိုတယ် ။ နှလုံးသားမရှိတဲ့ ရက်စက်ခြင်းမျိုး ။ စောယွန်းကသူ့အတွက် ရုပ်သေးရုပ်တစ်ရုပ်အပြင် မပိုခဲ့ဘူး ထင်ပါတယ် ။ ချစ်တာလား မချစ်ဘူးလား ဒွိဟတွေများရတယ် ။ တစ်ခါတစ်လေကျရင် ချစ်တယ်လို့ ထင်ပေမယ့် တစ်ခါတစ်လေကျရင် မချစ်ဘူးလို့ ထင်ရပြန်တယ် ။
YOU ARE READING
စက္ခုဝတီပြည်သို့ စင်သီယာ ရောက်လတ္တံ့ ( Complete )
Fantasy‼️Fantasy Fiction‼️ AgeGap morA_nyein 2.4.2023 2.6.2024