အခန်း ၂၀

873 81 5
                                    

စက္ခုဝတီတိုင်းပြည်ရဲ့ တောင်ဘက်တောအုပ်က စင်သီယာရဲ့ အိမ်တော်ဟာ စောယွန်းထွက်သွားသည်နှင့် အမဲရောင်အခိုးအငွေ့များ ချက်ချင်းကိုပဲ ဖုံးလွှမ်းခဲ့သည် ။ စုန်းမတစ်ကောင်ရဲ့ အငွေ့အသက်များ ချက်ချင်းကိုပဲ ပြည့်နှက်လာပြီး စူးရှသောရယ်သံများပါ ဖုံးလွှမ်းနေပေသည် ။

" အဟားဟားဟား .. အတော် သနားစရာကောင်းပြီး ကံဆိုးတဲ့ လူသားတွေက ငါ့ကို နတ်ဘုရားလိုကိုးကွယ်ကြတယ် .. ငါ စင်သီယာက မန္တန်လေးတစ်ခေါက် ရွတ်လိုက်တာနဲ့ နတ်ဘုရားဖြစ်နေတာ ဒီလူသားတွေ ကိုးကွယ်နေလို့ပဲ ။ အို .. ကံဆိုးတဲ့လူတွေ များများရှိစေချင်လိုက်တာ .. အဟားဟားဟား .. "

ရယ်သံစူးစူးတွေဟာ ကြက်သီးထစရာ ။ နူးညံ့စွာနဲ့ ကုတင်ပေါ်လှဲလိုက်ပြီး လက်ကိုခေါင်းပေါ်တင်ကာ မဲ့ပြုံးပြုံးသည် ။ စောယွန်းဟာ သူ့လက်ခုပ်ထဲက လမင်းလေး ဖြစ်လာသည်ကို အတော်လေးမှ ကျေနပ်နေပုံရသည် ။ ဒီအချိန်မှာ စောယွန်းအပေါ် ဖြစ်တည်လာခဲ့တဲ့ သူ့ရဲ့ခံစားချက်ကို သူဟာ မေ့လျော့နေသည် ။

ဘာလို့လဲ ။ ဘာလို့ဆို စုန်းမတစ်ကောင်ဟာ စောယွန်းထက် ပိုပြီးမက်မောစရာတွေ့သွားလို့ပါပဲ ။ တလောကလုံးက ​စင်သီယာဆိုတဲ့ စုန်းမကို မြင်တာနဲ့ မြေကြီးနဲ့ခေါင်း ထိမတတ် ဦးညွှတ်ရမယ့် လူသားတို့ရဲ့ တိုင်းပြည် စက္ခုဝတီပြည် ။

ကြီးတော်ပေးမယ့် စုန်းတိုင်းပြည်ကိုကျတော့ ခေါင်းတစ်ခါခါလုပ်ပြီး ဒီတိုင်းပြည်ကိုတော့ မျက်စိကျနေသည် ။ အကြောင်းကတော့ သီရိမဟာဒေဝီကြောင့်ပါ ။ သီရိမဟာဒေဝီဟာ သူ့ကို နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ ကိစ္စကြောင့် တန်ကြေးထက် ကြီးမားသည့်အရာကို ပိုင်ဆိုင်လိုခြင်းပဲ ဖြစ်သည် ။

စောယွန်းကိုသာ လက်ထပ်လိုက်ရင် ဒီတိုင်းပြည်ဟာ သူ့အပိုင် ဖြစ်လာတော့မည်ဟု တစ်ထစ်ချယုံကြည်ထား၏ ။

" သနားစရာလူသားတွေ ... "

လေသံလေးသဲ့သဲ့နဲ့ ရယ်ပြီး အကြီးအကျယ်ကို သဘောကျနေ၏ ။ စင်သီယာဟာ ကံဆိုးတဲ့လူသားတွေရဲ့ နတ်ဘုရား ဖြစ်ပေမယ့်လို့ ဒီကံဆိုးလွန်းသူများရဲ့ သေမင်းလည်း ဖြစ်သည် ။ လွန်ခဲ့တဲ့ ၁၈ နှစ်ခန့်က ကံဆိုးလွန်းတဲ့ သီရိမဟာဒေဝီရဲ့ နတ်ဘုရားဟာ သူဖြစ်ခဲ့သလို ယခုမူ သီရိမဟာဒေဝီရဲ့ သေမင်းဟာလည်း သူမ ဖြစ်လာပြီ ။

စက္ခုဝတီပြည်သို့ စင်သီယာ ရောက်လတ္တံ့Where stories live. Discover now