နဉ့်ကျီ ပြုံးလိုက်ပြီး အမေလုစကားအား ကြားကြောင်းပြန်ဖြေလိုက်သည်။

အခြားထင်ရှားသည့် မိသားစုများမှ လူချမ်းသာအိမ်ရှင်မများသည် အမေလု နဉ့်ကျီနှင့်ပေါ်လာသည့်အချိန်တွင် နှုတ်ဆက်ရန် ရောက်ရှိလာကြသည်။

အမေလု နဉ့်ကျီအား သူတို့နှင့်မိတ်ဆက်ပေးလိုက်သည်။ အရင်တုန်းက သူမနှင့်ပတ်သက်၍ ဘာမျှထုတ်ဖော်ပြောကြားထားခြင်း မရှိသောကြောင့် ဤသည်မှာ နဉ့်ကျီအတွက် အခြားထင်ရှားသည့်မိသားစုများအား မိတ်ဆက်ရသည့် ပထမဆုံးအကြိမ်ပင်။ 

ဒုတိယသခင်ငယ်လေးလုသည် အော်တစ်ဇင်ဖြစ်နေပြီး လောလောဆယ်တွင် ကြီးမားလှသည့် လုအင်ပါယာအား ထိန်းသိမ်းစောင့်ရှောက်ရန် အဖေလုအား ကူညီပေးနေသူမှာ လုအိမ်၏မွေးစားသားဖြစ်ကြောင်း ဧည့်သည်အတော်များများ သိထားကြသည်။ 

"လှလိုက်တာ မဒမ်လုတို့များ ကံကောင်းလိုက်တာရှင်"

"အတော်ချစ်စရာကောင်းတာဘဲ"

"ထက်မြက်မယ်ပုံဘဲနော်"

......

ရောက်လာကြသည့် အမျိုးသမီးများသည် နဉ့်ကျီအား ဂရုတစိုက် လေ့လာနေကြတော့သည်။ သူမအား အထင်သေးသည့် အရိပ်အယောင်တို့ဖြင့် ကြည့်ရှုရင်း နှုတ်ကမူ ချီးမွမ်းနေလိုက်ကြသည်မှာ။ 

သူမ(မူလနဉ့်ကျီ)သည် သာမန်မိသားစုတွင် မွေးဖွားသည်။ သူမတွင် သင့်တင်သည့် ရုပ်ရည်ရှိသော်ငြား လှပသည့်မိန်းကလေးများမှာ အများကြီးရှိသည်။ ထိုသူများနှင့်ယှဉ်လျှင် နဉ့်ကျီမှာ သာမန်ဆန်လွန်းသည်။ 

ဒုတိယသခင်လေးလုသာ အော်တစ်ဇင်မဖြစ်လျှင် လုမိသားစု၏အဆင့်အတန်းနှင့်သာဆို သူသည် သေချာပေါက် ထူးချွန်ထက်မြက်သည့် မိန်းမပျိုလေးတစ်ဦးဦးအား လက်ထပ်နိုင်မည်ပင်။ သို့သော် ယခုမူ တစ်ခါမှမျက်နှာထွက်မပြဖူးသည့် ဒုတိယသခင်လေးလုသည် ဤသို့သောသာမန်မိန်းတစ်ဦးကိုသာ လက်ထပ်နိုင်ခဲ့ရှာသည်။ 

နဉ့်ကျီသည် တုံးအသူမဟုတ်။ သဘာဝတကျပင် အခြားအမျိုးသမီးများ၏ စကားလုံးများမှာ မည်မျှပင်အတုအယောင်ဆန်လျက် ဝတ်ကျေတမ်းကျေသာဖြစ်ရုံဆိုသည်ကို သူမ,သိလေသည်။ သို့သော် ဂရုစိုက်မနေပါချေ။ 

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now