ep 10 uni & zawgyi

Start from the beginning
                                    

ပြောလဲပြောရင်း သူမသူ့ခါးလေးကိုကလေးတစ်ယောက်လို
အတင်းဖက်တွယ်ကာ ဂျီကျနေသည်မို့ မိုးထိပြုံးမိလေသည်။
သူု့ကိုအိမ်ဂျယ်အခုလောက်ထိတွယ်ကပ်နေတာတစ်ခါမှ
မရှိဖူးပေ။သူကသာသူမအနားကိုအတင်းလိုက်ကပ်ပြီး
ချစ်နေရတာမဟုတ်လား။ဒီနေ့မှအချွဲပိုနေသည့်မိန်းမလေး
ကြောင့်သူမအနားမှာနေချင်ပေမယ့် တစ်ဖက်ကိုလည်း
ဆက်ဆက်လာခဲ့ပါ့မယ်လို့ကတိ့ပေးခဲ့မိပြီ။

'''အဟွန်း....ဘယ်လိုဖြစ်လို့လဲမိန်းမရယ်....ဒီနေ့မှအစ်ကုိ့ကိုဘာလို့ကပ်တွယ်နေရတာပါလိမ့်......အိမ်ဂျယ်စိတ်ထဲနေမကောင်းလို့နေမှာပါကွာ....ဒီနားမှာဆေးခန်းရှိတယ်အစ်ကိုလိုက်ပြပေးရမလားဟင်....´´´

''ဟင့်အင်း....ဆေးခန်းမသွားချင်ဘူး...အစ်ကို့နားမှာဘဲနေချင်တာ....´´´

သူမ နှုတ်ခမ်းလေးစူပြီးအသည်းပိုကာသူ့လည်ပင်းကို
အတင်းဖက်တွယ်ထားတာကြောင့် မိုးထိသူမကိုအသည်း
ယားလာမိသည်။သူမကိုယ်လုံးလေးအားကလေးငယ်လေးလို
ပွေ့ပိုက်လိုက်ပြီး သူမနဖူးလေးထက်ညင်သာစွာနမ်းလိုက်တော့
သူမက သူ့ကိုရွှန်းရွှန်းစားစားလေးပြန်ကြည့်သည်။

''''အဲ့လိုပဲ.....တေဇရေ....အခုတလောဒီကလေးမ....တငိုင်ငိုင်နဲ့...မင်းများပြန်မလာသေးဘူးဆိုလည်း...ဟော့အဲ့အပေါက်ဝနားမှာပဲ
တစ်မျှော်မျှော်နဲ့ကိုဖြစ်နေတာ....´´´

အိမ်ခန်းထဲမှထွက်လာသည့် ဒေါ်မယ်ထွေး
စကားကို
ကြားလိုက်ရတော့သူမကို သူ့ပေါင်ပေါ်ပွေ့တင်ထားရာမှ
သူပြန်ချထားလိုက်ပြီး လှည့်ကြည့်လိုက်သည်။
ဒေါ်မယ်ထွေး
ကသူတို့နှစ်ယောက်အနားသို့ဝင်ထိူင်လိုက်ပြီးဆက်ပြော၏။

''''အစားဆိုလဲသိပ်မစားဘူး....ရောက်စတုန်းကဒဏ်ရာကြီးနဲ့
ရောက်လာပေမယ့် ပြည့်ပြည့်ဖြိုးဖြိုးရှိသေးတယ်အခုများ
တော့ မျက်ကွင်းတွေကလည်းညိုလို့. ဒေါ်လေးတော့အားမရဘူးကွယ်....´´

သူ့လက်မောင်းလေးကိုအတင်းချိတ်ကာသူ့ပခုံးကိုမှီရင်း
ငြိမ်နေသည့် သူမကိုသူငုံ့ကြည့်လိုက်မိသည်။ဟုတ်ပါရဲ့
သူ သူမကို ဒီရက်ပိုင်းသတိ့မထားမိခဲ့ပေ။သူမတော်တော်လေး
ပိန်ကျသွားသည်ဆိုတာမှန်လေ၏။

You've reached the end of published parts.

⏰ Last updated: Mar 02 ⏰

Add this story to your Library to get notified about new parts!

အချစ်ရပ်ဝန်းဆီသို့( to the love area)❣️Where stories live. Discover now