ep 7 uni & zawgyi

58 4 0
                                    

*unicode*
💠အချစ်ရပ်ဝန်းဆီသို့....💠

         💘p=7💘

နေဝင်ရီတရောအချိန်  သူမတစ်ယောက်ထဲ
လမ်းလျှောက်နေမိသည်။လေပြေအသင့်မှာ မြက်ပင်
ရှည်တို့ကဟိုဒီလူးလွန့်လို့နေ၏။ထိုစဉ်သူမအရှေ့
မှ လူတစ်စု သူမလှမ်းကြည့်လိုက်တော့ခပ်ပျပျ
သာမြင်ရသည်။ဘယ်သူဘယ်ဝါမသဲကွဲပေ။

သူမထိုနေရာကို တရွေ့ရွေ့လှမ်းသွားမိသည်။
လူတစ်စုက လူတစ်ယောက်ကိုဝိုင်း၍ထိုးကြိတ်
နေကြသည်။ထိုလူ့မျက်နှာကိုမမြင်ရချေ။သူမမြင်ချင်
စိတ်ဖြင့်အရှေ့သို့တိုးအကြည့်တွင် သူမအနောက်
ဘက်မှ ပူခနဲနာကျင်စွာခံစားလိုက်ရသည်။
သူမအလန့်တကြားအသံကုန်အော်ပစ်လိုက်လေ၏။

'''''အားးးး.........´´´´´

''''ဟင်....အိမ်ဂျယ်....အိမ်ဂျယ်.....ဘာဖြစ်တာလဲ.....´´´´

သူမကြောက်လန့်တကြားအော်ဟစ်ရင်းအိပ်ယာ
ထက်မှကုန်းရုန်းထလိုက်မိလေသည်။မိုးထိ
အသံနက်ကြီးဖြင့်အော်ကာ ငေါက်ခနဲထထိုင်ရင်း
အသားလေးတွေတဆတ်ဆတ်တုန်နေသည်အထိ
ကြောက်နေရှာသည့်သူမကိုဖက်ထားရင်းမေးလိုက်၏။

သူ နှစ်ခြိုက်စွာအိပ်မောကျနေရာမှသူမအော်သံ
ကြောင့်လန့်နိုးသွားရသည်။သူမပုံစံကအိပ်မက်ဆိုး
မက်နေသည့်နှယ်။သူဖက်ထားတဲ့ကြားကခန္ဓာကိုယ်
လေးတစ်ခုလုံးကြောက်စိတ်ကြောင့်တုန်ယင်နေရှာသည်။

'''''အိပ်မက်ဆိုးမက်နေတာဖြစ်မယ်အိမ်ဂျယ်ရယ်....ကိူယ်စိတ်ပူလိုက်တာ....ဘာမှမဖြစ်ဘူး....ဘာမှမဖြစ်ဘူးနော်မကြောက်နဲ့ကိုယ်ရှိတယ်နော်......ရော့ရေလေးနည်းနည်းသောက်လိုက်....´´´´

သူမ ရေကိုအငမ်းမရသောက်ရင်း တုန်နေသည့်
ရင်ကို ငြိမ်သက်အောင်    ကြိုးစားနေမိလေသည်။
သူမမြင်မိတာက ဘယ်လိုအဖြစ်အပျက်ကြီးလဲ
အိပ်မက်ဆိုပေမယ့်အပြင်မှာတကယ်ကြုံတွေ့နေရ
သည်နှင့်မခြား ရင်းနှီးသည့်ခံစားမှူကြီးပင်ဖြစ်သည်။

'''''အစ်ကို.....အိမ်ဂျယ်အိပ်မက်မက်တယ်...အိပ်မက်ကအရမ်းကြောက်ဖို့ကောင်းတယ်....အပြင်မှာတကယ်ဖြစ်နေသလိုပဲအစ်ကိုရယ်...´´´´

အချစ်ရပ်ဝန်းဆီသို့( to the love area)❣️Where stories live. Discover now