ep-6 uni& zawgyi

126 6 0
                                    

*unicode*
💠အချစ်ရပ်ဝန်းဆီသို့💠
    
      💘p=6💘

'''''တေဇ.....မင်း...ဦးလေးနဲ့လိုက်လုပ်လို့ဖြစ်ပါ့မလား...ဦးလေးတို့အလုပ်ကသိပ်ပင်ပန်းတာကွ....´´´´

''''အဟွန်း....ကျွန်တော်ဖြစ်အောင်လုပ်မှာပါဦးလေးရ....ကျွန်တော်ယောင်္ကျားပဲဟာကိုပြီးတော့....ကျွန်တော်ကတစ်ကိုယ်ရည်တစ်ကာယသမားမဟုတ်ဘူးလေ....ကျွန်တော့်မိန်းမကိုပြည့်ပြည့်စုံစုံထားချင်တယ်ဦးလေး....ဒါကြောင့်ကျွန်တော်အလုပ်တစ်ခုတော့လုပ်မှဖြစ်မှာ....´´´´

ဦးကြည်ရဲ့စကားကို သူတွေးတွေးဆဆလေးဖြင့်
ပြန်ပြောလိုက်သည်။တစ်ချိန်ကသူဘာလုပ်ခဲ့လဲ
ဘယ်သူလဲလုံးဝမသိပေမယ့် အခုတော့သူ့မှာ
သူ့ကိုမှီခိုအားကိုးမယ့်မိန်းကလေးရှိတာမို့
သူမအတွက်သူကြိုးစားသင့်သည်ဟုထင်သည်။

သူမကို ဒီရွာလေးမှာ.သူတင့်တောင်းတင့်တယ်
မင်္ဂလာဆောင်ပေးချင်သည်။သူမလေးကိုအစစ
အရာရာလိုလေသေးမရှိ သူထားပေးချင်သည်။
ဒါဟာသူမအပေါ် သူထားရှိတဲ့အကြင်နာတရားဖြစ်၏။

အခုချိန် သူတို့တစ်ယောက်ကိုတစ်ယောက်နှစ်နှစ်
ကာကာမချစ်ကြပေမယ့် နောင်တစ်ချိန်တော့
သူမကိုပိုချစ်လာမယ့်လို့သူခံစားရသည်။အဲ့ဒီလိုပဲ
သူ့ကိုလည်း သူမဘက်ကပို၍ချစ်စေချင်တယ်ဆိုရင်
သူအတ္တကြီးသွားမလားမသိပေမယ့်တကယ်
မျှော်လင့်မိတာတော့အမှန်ပင်ဖြစ်သည်။

'''''အေးလေ....လိုက်လုပ်ကြည့်ပေါ့....မင်းပုံစံကဖြူနွဲ့နွဲ့ဆိုတော့မင်းကအသိုင်းအဝိုင်းကြီးထဲကပဲဖြစ်မယ်ထင်တယ်.....´´´´

ဦးကြည်ရဲ့အပြောကြောင့် သူပြုံးလိုက်မိသည်။
သူ့ပုံစံကိုကြည့်ပြီး ခန့်မှန်းနေတာကရယ်ချင်စရာ
ကိုယ်ကိုယ်တိုင် ဘာလဲသေချာမသိတာကို
မသိတဲ့လူကထပ်ခန့်မှန်းကြည့်နေပြန်သည်။

သူ  ဦးကြည်အနောက်သို့လိုက်သွားပြီးချောင်းစပ်
သို့ရောက်လာသည်။လှေပေါ်သို့တက်လိုက်ပြီး
ချောင်းထဲသို့ တစ်ဖြေးဖြေး ရောက်လာခဲ့၏။
သူများတွေလွယ်ကူစွာဖြင့်ငါးတွေဖမ်းနေကြသည်
ကိုကြည့်ကာ သူကြိုးစား၍လိုက်လုပ်ကြည့်သည်။

အချစ်ရပ်ဝန်းဆီသို့( to the love area)❣️Where stories live. Discover now