ep 8 uni & zawgyi

76 4 0
                                    

*unicode*
💠အချစ်ရပ်ဝန်းဆီသို့.....💠

          💘p=8💘

'''''ဒါ....ဘယ်ကပြန်လာတာလဲ.... ´´´´

ဧကရီ  အိမ်ထဲသို့လှမ်းဝင်လိုက်စဉ်
  အနောက်ဘက်
မှမေးလိုက်သည့်မာကျောသော
လေသံကြောင့်
လှမ်းလက်စခြေလှမ်းတို့တုံ့ခနဲရပ်တန့်သွားရသည်။

သူမ အနောက်သို့လှည့်ကြည့်လိုက်
တော့ သူမကို
ခါးထောက်လျှက် စူးစူးကြီးစိုက်ကြည့်
နေသည့်
ဦးမိုးကျော်၏မျက်ဝန်းတွေဖြင့်ရင်ဆိုင်လိုက်ရသည်။

'''''ဧကရီ.....ကိစ္စရှိလို့အပြင်ခဏသွားတာရှင့်....´´´´

သူမအရဲစွန့်ကာ ခပ်တင်းတင်းပြန်ပြောလိုက်သည်
ကိုမကျေနပ်သည့်အလား ဦးမိုးကျော်၏မျက်နှာ
မဲ့ခနဲကွေးကျသွားရပြီး သူမအနားသို့လျှောက်လာ၍.....

'''''ဒီမှာမိန်းကလေး.....မင်းသွားချင်တိုင်းသွားနေဖို့အတွက်ငါ့အိမ်ကသာလယံဇရပ်မဟုတ်ဘူးနားလည်လား....မင်းကိုဒီမှာထားတယ်ဆိုတာ....မင်းရဲ့စကားတွေကြောင့်ငါ့သားရဲ့ဂုဏ်သိက္ခာကျမှာစိုးလို့လက်ခံထားတာ.....ဒါကြောင့် မင်းအိမ်လိုပေါက်လွှတ်ပဲစားနေတတ်တဲ့အကျင့်တွေကိုပြင်ထားလိုက်  .... ´´´´

''''အို.....´´´´

သူမအားရင့်သီးစွာ လက်ညိုးထိုးငေါက်ငေါက်ထိုး
ကာပြောဆိုဆက်ဆံလိုက်သည့် ဦးမိုး
ကျော်၏
စကားလုံးတွေကြောင့် သူမစိတ်ထဲရှက်ရွံ့ခံပြင်း
စိတ်လေးဖြစ်သွားရကာ အောက်နှုတ်ခမ်းလေး
ကိုကိုက်၍   အံကြိတ်ထားမိလေသည်။

''''ဟင်း.....ပြောထားဦးပေါ့....နောင်တစ်ချိန်ကြမှ....ဧကရီဘာလဲဆိုတာသိစေရမယ်....ရှင်တို့အခုလိုပြောတဲ့အကျိုးဆက်ကိုနင့်နင့်နဲနဲပြန်ခံစားစေရမယ်.....´´´´

သူမစိတ်ထဲ ဦးမိုးကျော်အားအမြင်မကြည်စွာ
ကျိန်းဝါးနေမိသည်။သူမရဲ့ အစီအစဉ်ကိုအမြန်
အကောင်အထည်ဖော်ရမည်။ဒါမှ ဒီအိမ်ကြီးမှာ
သူမသိပ်မကြာခင်ကြီးစိုးခွင့်ရတော့မှာမဟုတ်လား။

ဧကရီ အပေါ်ထပ်သို့ဆောင့်အောင့်ကာတက်သွား
သည်။ ဒေါ်ခက်ခက် ထိုအခြင်းအရာကိုကြည့်၍
ကြိတ်၍သက်ပြင်းချမိသည်။ဦးမိုးကျော်မနှစ်မြို့လဲ
မနှစ်မြို့ချင်စရာပေ။ဧကရီပုံစံက သူမတို့နှစ်သက်
တဲ့နေထိုင်မှူမျိုးမဟုတ်တာတော့အမှန်ပင်ဖြစ်သည်။

အချစ်ရပ်ဝန်းဆီသို့( to the love area)❣️Where stories live. Discover now