ep 9 uni & zawgyi

73 4 0
                                    

*unicode*
💠 အချစ်ရပ်ဝန်းဆီသို့....💠

     💘p=9💘

'''တေဇ.....ဒီနေ့တော့ဦးလေးမလိုက်တော့ဘူး....မင်းတစ်ယောက်ထဲသွားလို့ဖြစ်တယ်မဟုတ်လား...´´

'''ဟုတ်ကဲ့ဦးလေး....စိတ်ချပါကျွန်တော်တစ်ယောက်ထဲသွားလဲဖြစ်တယ်...စိတ်မပူနဲ့နော်....´´´

'''အေးအေး....ရသမျှငါးတွေနဲ့ပုစွန်တွေကိုရရင်လည်း....ပေးနေကြဒိုင်ကိုပဲသွားပေးနော်....´´´

'''ဟုတ်ကဲ့ပါ....ဦးလေးစိတ်ချပါဗျ....ကျန်းမာရေးဂရုစိုက်ဦးနော်....အစစအရာရာအကုန်လုံးအဆင်ပြေချောမွေ့စေရမယ်....´´´

မိုးထိ ဦးကြည်အား သူ့ကိုစိတ်ချ
ဖို့ပြောရင်း
ငါးသွားဖမ်းဖို့ အိတ်ထဲသို့လိုအပ်သည့်ပစ္စည်းအချို့
ကိုထည့်နေမိသည်။ သူမ မိုးထိအနားသို့သွားကာ
ကောက်ညှင်းပေါင်းပန်းကိုလေးကိုကိုင်လျှက်
ကမ်းပေးလိုက်လေသည်။မိုးထိ သူမကိုမော့ကြည့်ပြီး

'''အစ်ကိုမစားတော့ဘူး....မိန်းမရဲ့နောက်ကျနေမှာစိုးလို့သွားတော့မယ်နော်....အိမ်မှာကောင်းကောင်းနေခဲ့နော်´´´

သူမပါးလေးအားဖျစ်ညှစ်ကာဆွဲ
လိုက်ပြီး
ပြောလိုက်တော့ သူမမျက်နှာလေး
ကညှိုးနွမ်း
သွားလေတော့သည်။သူ သူမကိုကြည့်၍
ပြုံးနေရာမှတစ်ဖြည်းဖြည်းရယ်မောရင်းသူမ
ရှေ့သို့ပါးစပ်လေးဟကာပေးလိုက်၏။

ထိုအခါမှ သူမမျက်နှာကကျေနပ်သွားဟန်ဖြင့်ပြုံး
လိုက်ပြီး ပန်းကန်ထဲမှကောက်ညှင်းပေါင်းအား
ဇွန်းဖြင့်ခပ်ကာ မိုးထိအားခွံ့ကျွေးလိုက်လေသည်။

'''ကဲကျေနပ်ပြီလား....ရွှေနတ်သမီးလေးရဲ့....´´´

'''အဟင်း....ဟုတ်....အိမ်ဂျယ်ကိုယ်တ်ိုင်မနက်အစောကြီးထပြီးပေါင်းထားရတာအစ်ကို့ကိုစားစေချင်လို့....ကောင်းရဲ့လားဟင်...´´´

''ကောင်းတယ်...ဒါပေမယ့်ကိုယ်အတွက်တော့....မိန်းမလောက်မကောင်းဘူး....အဟွန်း...ဟွန်း.....´´

'''ဟင်...´´

မိုးထိစကားကြောင့် သူမမျက်နှာလေးရှက်ကာ
ရဲသွားရပြီး သူ့ရင်ဘတ်ကိုထုပစ်
လိုက်သည်။
သူ သူမလက်သီးဆုပ်လေးကိုဖမ်းဆွဲလိုက်ပြီး
ခပ်ဖွဖွနမ်းလိုက်လေတော့သည်။
သူမထို
အပြုအမူကိုငေးကာကြည့်ရင်း....

အချစ်ရပ်ဝန်းဆီသို့( to the love area)❣️Where stories live. Discover now