ep 10 uni & zawgyi

199 6 0
                                    


*unicode*
💠အချစ်ရပ်ဝန်းဆီသို့...💠

        💘p=10💘

ကောင်းကင်ကြီးတစ်ခုလုံးညို့မှိုင်းနေလေ၏။မိုးထိ ခန္ဓာကိုယ်
ပေါ်သို့ဖြေးညှင်းစွာကျဆင်းလာသည့်မိုးစက်ပါးပါးကြောင့်
လက်ထဲမှာ ပါလာသည့်သူမကိုယ်တိုင်ထိုးပေးထားသည့်
ဆွယ်တာအနွေးထည်လေးကိုဝတ်ဆင်လိုက်၏။ချစ်ရသူရဲ့
အငွေ့အသက်တွေနဲ့ကိုယ်တိုင်ထိုးပေးထားတာမို့တန်ဖိုး
နည်းပေမယ့် သူမြတ်န်ိုးသောလက်ဆောင်လေးတစ်ခုအဖြစ်
မှတ်ယူမိလေတော့သည်။

မိုးစက်တွေက ဖြည်းညှင်းစွာကျဆင်းနေရာမှသည်းထန်
စွာရွာသွန်းလာ၏။သူ မိုးခိုဖို့နေရာတစ်ခုကိုရှာဖွေရင်း
ကြီးမားသည့်သစ်ပင်ကြီးအောက်သို့ရောက်
ရှိသွားသည်။
သိပ်လုံခြုံလှသည်မဟုတ်ပေမယ့်လည်းနည်းနည်းတော့အကာ
အကွယ်ရသည်မို့ အချမ်းပြေသည်မဟုတ်လား။

သူ့စိတ်ထဲဒီနေ့အရမ်းပျော်နေမိသည်။ဘဝမှာကိုယ်မျှော်လင့်
ထားတဲ့လက်ဆောင်လေးတစ်ခုကမကြာခင်ရရှိတော့မှာမို့
ကျေနပ်မိတာအမှန်ပင်။သူ့ဘဝအတွက်တော့အကောင်းဆုံး
ဆုလာဘ်ပင်မဟုတ်ပါလား။သူ သိပ်ချစ်ရတဲ့သူမကသာ
သူ့အတွက်ထိုလက်ဆောင်လေးဖန်တီးပေးနိုင်သူဖြစ်သည်။

''''အိမ်ဂျယ်....အစ်ကိုအလုပ်သွားတော့မယ်နော်....´´´

''''အစ်ကို....´´'

''''ဟင်....´´´

သူ့နံဘေးသို့ရောက်လာပြီးညှိုးငယ်သည့်မျက်နှာအမူ
အယာလေးဖြင့် သူရင်ခွင်ထဲခေါင်းတိုးဝင်ကာငြိမ်သက်နေသည့်
သူမကြောင့် မိုးထိစိတ်ပူသွားမိတာအမှန်ပင်။

''''အိမ်ဂျယ်.....ဘာဖြစ်တာလဲ....ဘာဖြစ်လာတာလဲဟင်...မျက်နှာလဲမကောင်းပါလား....နေမကောင်းဘူးလား....အစ်ကိုစိတ်ပူတယ်အိမ်ဂျယ်ရယ်....´´´

သူမ မျက်နှာကိုလက်နှစ်ဖက်ဖြင့်ဆွဲယူပြီးသူမမေးစေ့လေးကို
လက်တစ်ဖက်ဖြင့်ကိုင် ကာသူငုံ့ကြည့်ရင်းမေးလိုက်တော့
သူမမျက်ဝန်းထဲမျက်ရည်လေးတွေဝဲကာသူ့ကိုပြန်မော့ကြည့်ပြီး

'''မသိဘူးအစ်ကို....ဒီနေ့နေရတာတစ်မျိူးကြီးပဲပြီးတော့လေ
အစ်ကို့နားမှာပဲအိမ်ဂျယ်နေချင်တယ်...ဒီနေ့ဘယ်မှမသွားပါနဲ့လား...
အစ်ကိုရယ်....အိမ်ဂျယ်နားမှာနေပါနော်...´´

You've reached the end of published parts.

⏰ Last updated: Mar 02 ⏰

Add this story to your Library to get notified about new parts!

အချစ်ရပ်ဝန်းဆီသို့( to the love area)❣️Where stories live. Discover now