ep-1 uni & zawgyi

621 10 1
                                    

*unicode*
💠အချစ်ရပ်ဝန်းဆီသို့.......💠

    💘p=1💘

''''တုံ.....တုံ....တုံ´´´

ရွာဦးဘုန်းကြီးကျောင်းမှ
တုန်းမောင်းခေါက်သံကတစ်ရွာ
လုံးကိုနှိူးဆော်လိုက်      သည့်နှယ်
     ထွက်ပေါ်လာသည်နှင့် တစ်ရွာလုံးရှိသူများ    ဆွမ်းလောင်းရန်
      အတွက် အိပ်ယာမှထကာ ပျော်ရွှင်စွာ ဆူညံလျှက်      
                ချက်ပြုတ်နေကြလေ၏။

''''''မိရွှေတယော.....ထတော့လေ....သူများတွေအလျှူိလျှူိဆွမ်းချက်နေကြပြီ....ညည်းအခုထိအ်ိပ်နေတုန်းလား.....ထ....ထ´´´´´

အမေ့ရဲ့အိပ်ယာနှိူးသံ  ကိုမသိကျိူးကျွံပြုကာ
          သူမစောင်ကိုခြုံ၍ပြန်အိပ်  နေလိုက်သည်။             ထိုအခါသူမ
                 ကိုနှိူး၍ ပြန်ဆင်းသွားသည်။   တယော တစ်ကျော့ပြန်
    အိပ်ရင်းနှစ်ခြိုက်စွာ   အိပ်ပျော်နေသည်။

ဒေါ်မေလင်းညို   မီးဖိုဆောင်တွင်
      ချက်ပြုတ်နေရာမှ   သမီးဖြစ်သူ
ဆင်းမလာတာကြောင့်ပြန်တက်
အလာတွင်     အိပ်ယာထဲပြန်အိပ်နေသည့်    သမီးဖြစ်သူရွှေတယောညို
    ကိုတွေ့လိုက်ရတာကြောင့်
ဒေါသဖြစ်ကာ     တံမြက်စည်း တစ်ချောင်းအား    ယူလိုက်လေသည်။

''''ဟဲ့....မိတယော.....ဒီလောက်နှိူးခဲ့တာတောင် ပြန်အိပ်နေတယ်....ကဲဟယ်....ကဲဟယ်.......´´´´

'''''ဖြန်း....ဖြန်း.....အား....အမေ့နာတယ်....အားအမေမရိုက်ပါနဲ့.....ဖြန်း....´´´´´

သူမတင်ပါးပေါ်သို့ ကျရောက်လာသည့် တံမြက်စည်း
       ဒဏ်ကြောင့် တင်ပါးတစ်ခုလုံး
ပူထူကာ     နာကျင်သွားရပြီး
          သူမအိပ်ယာထဲမှထကာ အ်ိမ်ပေါ်မှအပြေး
      ဆင်းလေတော့သည်။
ထိုအခါ    ဆူညံသံတွေကြား၍
        ရောက်ရှိလာသည့် ဖခင်ဖြစ်သူဦးရွှေသိုး    ဇနီးဖြစ်သူ
        အားလိုက်လံဆွဲကာတားမြစ်ပြီး။

'''''ဟာ....မယ်ညိုရယ်.....သမီးကိုမရိုက်ပါနဲ့ကွာ....ကလေးပဲရှိသေးတာဘာသိမှာလဲ.....´´´´

'''''အို.....တော် ဘာသိလို့လဲ....တော့်သမီးက ကလေးမဟုတ်တော့ဘူးသိရဲ့လား....နောက်နှစ်ဝက်ဆိုလင်ယူတော့မှာ....အသက်ကဖြင့်(18)နှစ်ရှိပြီ....ခုထိအအိပ်မက်နေတုန်း....´´´

အချစ်ရပ်ဝန်းဆီသို့( to the love area)❣️Where stories live. Discover now