ep-5 uni& zawgyi

110 3 0
                                    

*unicode*
💠အချစ်ရပ်ဝန်းဆီသို့.....💠
  
           💘p=5💘

'''''ဘာပြောလိုက်တယ်.....ဘယ်လုိ.....ကျွန်မ....ကျွန်မသမီးလေး....ပျောက်သွားတယ်ဟုတ်လား....´´´´´

ဒေါ်မေလင်းညို ကြားလိုက်ရတဲ့စကားကြောင့်
ရင်ထဲအပူဗျာပါဒများစွာခံစားလိုက်ရသည်။
ရွာကလိုက်သွားတဲ့သူတွေပြောစကားအရကြား
လိုက်ရသည်မှာဒေါ်မေလင်းညိုနေရာတွင်သတိ့လစ်
မေ့မျောသွားရသည်အထိဖြစ်သွား၏။

'''''ဟုတ်ပါတယ်....ဒေါ်လေ....တယောဝတ်သွားတဲ့အင်္ကျီအပြဲစတွေဘဲတွေ့ခဲ့ရပါတယ်....ပြီးတော့သွေးစတွေလည်းတွေ့ခဲ့ရတယ်...ချောင်းထဲလည်းဆင်းရှာကြပေမယ့် ရေစီးသန်ချိန်နဲ့ဆုံပြီးမျောပါသွားကြပုံပဲ....ရှာမတွေ့ခဲ့ဘူး.....´´´´

''''ဘုရားရေ....အမလေးလေး....သမီးရေ...အမေ့သမီးလေး....အမလေးအမေဘယ်လိုဖြေရမလဲငါ့သမီးလေးအဖြစ်ဆိုးလိုက်တာ....အီးဟီးဟီး.....ငါ့ကိုသာသတ်သွားပါတော့လား.....´´´´

ဒေါ်မေလင်းညို၏ အော်ဟစ်ကာရင်ဘတ်ကြီး
ထု၍ရိူက်ကြီးတငင်ငင် အူလှိူက်သည်းလှိုက်ငိုကြွေး
နေပုံက မြင်ရသူတိုင်းစိတ်မချမ်းမြေ့ဖွယ်ရာ။

.

မျက်နှာကြီးတစ်ခုလုံး ပြတ်ထွက်လုမတတ်တင်းမာ
ကာနီရဲ၍ မျက်လုံးအိမ်ထဲမှနီရဲနေသည့်အထိကြိတ်
ငိုနေရှာသည့်ဦးရွှေသိုး၏ရင်ထဲလဲ တစ်ဦးတည်း
သောသမီးလေးအတွက်ရင်ထဲမချိပေ။

'''''ဟင့်အင်း....ငါ့သမီးလေးကို ဘယ်လိုလူတွေကခုလိုလုပ်ရက်ရတာလဲပြောစမ်းပါဦး....ကိုရွှေသိုးရဲ့ကျူပ်သမီးလေးကိုကျူပ်ဆုံးရှူံးရပြီပေါ့....အီးဟီးဟီး....ငါမယုံဘူး...မယုံဘူး....အဟင့်ဟင့်....အီးဟီး..´´´´

''''ဟာ ဒေါ်လေးညို....ဒေါ်လေးစိတ်ထိန်းပါဦးဗျ.....´´´´

မေ့မျောကာသတိ့လစ်သွားသည့် ဒေါ်မေလင်းညို
အားပွေ့ပိုက်၍ အိမ်ပေါ်သို့ခေါ်လာခဲ့လေ၏။
ရွာထဲမှလူအများစုရုံးစုရုံးဖြင့် စိတ်မချမ်းသာဖွယ်
မြင်တွေ့နေရသည်မို့စိတ်ထဲမကောင်း။

ဒေါ်မေလင်းညိုအားအမြန်ဆုံးသတိ့လည်လာအောင်
တတ်သမျှ၊မှတ်သမျှ ဝိုင်းဝန်းလုပ်ပေးကြလေသည်။
ဦးရွှေသိုး အသက်မရှိတော့သည့်လူလိုကွပ်ပျစ်လေး
ထက်ငူငူကြီးထိုင်ကာကျန်နေရစ်ခဲ့၏။

အချစ်ရပ်ဝန်းဆီသို့( to the love area)❣️Where stories live. Discover now