ep-3 uni&zawgyi

76 3 0
                                    

*unicode*
💠အချစ်ရပ်ဝန်းဆီသို့......💠

            💘p=3💘

'''''ကျိ....ကျလိ....ကျွိ....ကျွိ... ကျိ...´´´´

ပြတင်းပေါက်မှခုန်ပေါက်၍တိုးဝင်လာသည့်စာကလေး
ပေါက်စလေးတွေကပြတင်းပေါက်ဘောင်ပေါ်တွင်
အသံစုမြည်၍ ဟိုဒီပြေးလွှားကာကူးကလန်ခတ်
နေလေသည်။ငှက်ကလေးတွေရဲ့အော်မြည်သံ
ကြောင့် မိုးထိ အိပ်ယာမှနိုးသွားသည်။

သူ အပြင်ဘက်သို့ကြည့်လိုက်တော့မိုးစင်စင်လင်း
နေလေပြီ။ပြတင်းပေါက်ဆီမှ မနက်ခင်းရဲ့လေနု
အေးအေးလေးက သူ့စိတ်ကိုလန်းဆန်းသွားစေသည်။

ထို့အပြင် ပြတင်းပေါက်ဘောင်ထက်ပြေးလွှားရင်း
အစာတွေကို နှုတ်သီးလေးနဲ့တစ်တောက်တောက်
စားလိုက်၊ပြေးလွှားပျံသန်းလိုက်ဖြင့်အလုပ်ရှူပ်
နေကြသည့်ငှက်ကလေးတွေကိုငေးကြည့်ရင်း
သူ ကြည်နူးစွာပြုံးလိုက်မိသည်။

အိပ်ယာမှနိုးထလာသည့်မနက်ခင်းတိုင်းမှာ
အခုလောက်ကြည်နူးပြီးစိတ်ကိုလန်းဆန်းစေတဲ့
နေ့ရက်မျိုးမရှိဖူးသေးပေ။တောရွာရဲ့အေးချမ်းမှူ
နဲ့ သဘာဝဆန်တဲ့ သဘာဝကျကျဖြစ်တည်လာသော
အရာတွေကလူ့ရဲ့စိတ်ကိုကြည်နူးလန်းဆန်းစေ
တာကိုတော့သူမငြင်းနိုင်ပေ။

ခန္ဓာကိုယ်မှခြုံထားသည့်စောင်ပါးလေးကိုဖယ်ခွာ
၍ထဖို့ပြင်လိုက်စဉ်မှာပင် အခန်းဝသို့ရောက်ရှိ
လာသည့်ဒေါ်မေလင်းညိုကိုတွေ့မြင်လိုက်တာ
ကြောင့် သူပြုံးပြကာနှုတ်ဆက်လိုက်သည်။

''''moningဒေါ်လေး.....´´´´

''''ဟင်....သြော်....အေး...အေးပါကွယ်....သားနိုးပြီလား....ခေါင်းကရောသက်သာရဲ့လားကွယ်.....
မနေ့ညကဒေါ်လေးတစ်ခေါက်လာကြည့်သေးတယ်....သားကအစောကြီးအိပ်ပျော်နေလို့မနှိူးလိုက်တာ....ညစာလဲမစားဘူးဗိုက်ဆာနေပြီလားသား....´´´´´

'''''အဟွန်း.....ဟုတ်တယ်ဒေါ်လေး.....ဆေးအရှိန်နဲ့အိပ်ပျော်သွားတာ...မဆာပါဘူးရေအရင်ချိုးလိုက်ဦးမယ်.....´´´´

''''အေးပါကွယ်....အေးပါ....´´´´

တယော  ဘာတွေသဘောကျနေမှန်းမသိဘဲ
ပျာယာခတ်ကာ  ဟိုမြို့သားကိုတစ်သားထဲသားနေတဲ့
အမေ့ကို မကြည်လင်စွာကြည့်၍နှုတ်ခမ်းလေးကို
စူထော်ထားလိုက်လေသည်။

အချစ်ရပ်ဝန်းဆီသို့( to the love area)❣️Where stories live. Discover now