ep 9 uni & zawgyi

Start from the beginning
                                    

'''အစ်ကို....အိမ်ဂျယ်ကိုဘယ်လောက်ထိချစ်လဲဟင်....´´´

ထူးထူးဆန်းဆန်းသူမအမေးစကားကြောင့်သူ
မျက်ခုံးလေးပင့်တက်သွားရကာသူမကိုပြန်ကြည့်
လိုက်သည်။ပြီးမှ သူမပခုံးလေးကိုတင်းကျပ်စွာ
ဖက်တွယ်ရင်းသူမမျက်နှာလေးကိုစိုက်ကြည့်ကာဖြေလိုက်သည်။

''''အစ်ကို့အသက်ထက်.....အခုနေအစ်ကိုသေဆုံးပေးမှ ကိုယ့်နတ်သမီးလေးကအစ်ကို့အချစ်ကိုယုံမယ်ဆိုရင်လဲ...အစ်ကိုသေပြမှာ....အစ်ကိုရဲ့ဝင်သက်ထွက်သက်တိုင်းက....ကိုယ့်ရဲ့ဒီကောင်မလေးအတွက်ပဲရှင်သန်နေတာ.....´´´

ပြောရင်း လက်နှစ်ဖက်ဖြင့်သူမမျက်နှာလုံးလုံး
လေးအားဆွဲယူကာ နှုတ်ခမ်းဖူးဖူး
လေးဆီသို့
သူ့နှုတ်ခမ်းလေးအစုံတစ်ထပ်တည်းကျသွားရ
လေသည်။သူမလွှဲဖယ်လိုက်ပေမယ့်လည်း
သူမခေါင်းလေးကိုထိန်းကိုင်ရင်း သူ့လျှာတွေက
သူမလျှာလေးသို့ရစ်ပတ်နှောင်တွယ်လို့။

'''ဟင့်အင်း....အစ်ကိုနောက်ကျနေမယ်...သွားတော့လေ....´´

သူမအတင်းတွန်းဖယ်ရင်း ပြောလိုက်မှသူရပ်တန့်
လိုက်ကာ  သူမကိုယ်လုံးလေးအားလွှတ်ပေးလိုက်
ပြီး နေရာမှထရပ်လိုက်လေတော့သည်။

''''အစ်ကိုသွားတော့မယ်နော်....ဂရုစိုက်နေဦး....´´´

မိုးထိရဲ့ကျောပြင်ကိုငေးကြည့်ရင်းကျန်ရစ်ခဲ့သည့်
သူမ ထိုအချစ်တွေကထာဝရတည်မြဲနေမယ်လို့
အမှန်တကယ်ယုံကြည်ခဲ့မိလေသည်။

         🍷🍷🍷🍷🍷

'''ဒေါက်...ဒေါက်...ဒေါက်...´´

တံခါးခေါက်သံကြောင့် ဧကရီတံခါးကိုဆွဲဖွင့်လိုက်သည်။
ထိုစဉ် အပေါက်ဝတွင်ရပ်နေသည့်လူတစ်ယောက်
သူမပြန်ကြည့်လိုက်ပြီး......

'''ရှင်ကဘယ်သူလဲ....´´

'''ဒီအိမ်ရဲ့ (family doctor)ပါ...
မဧကရီကိုစောင့်ရှောက်ပေးဖို့ပါ....အစားရောစားလို့ဝင်ရဲ့လား...စမ်းသပ်ကြည့်မယ်နော်....´´

သူမ ခေါင်းညိတ်ကာဝင်ခွင့်ပေးလိုက်လေသည်။
သူမကိုစမ်းသပ်လို့အပြီး အားဆေးတချို့ကိုပေး၍
ဆရာဝန်ကပြန်သွားလေသည်။ဧကရီမျက်နှာက
အလိုမကျမှူအပြည့်ပင်ဖြစ်၏။

အချစ်ရပ်ဝန်းဆီသို့( to the love area)❣️Where stories live. Discover now