Chapter 1

814 55 1
                                    

စကားမပြောနိုင်တဲ့ အဖွားလျိုက ဆယ်နှစ်ကျော်ကြာပြုစုပျိုးထောင်ခဲ့တဲ့ မိဘမဲ့မိန်းကလေးရဲ့ မိဘအရင်းတွေက သူတို့သမီးလေးကို အိမ်ပြန်ခေါ်ဖို့လာခဲ့ကြသည်။ ဒီအကြောင်းကိုရွာကလူတွေက အားလပ်ချိန်မှာ အတင်းပြောကြတယ်။

"ဟင်း...အဖွားလျို က အဲဒီကောင်မလေးကို အရင်တုန်းကမမွေးစားခဲ့သင့်ဘူး၊ ပိုက်ဆံနဲ့ စွမ်းအင်တွေ ဖြုန်းတီးနေလို့မလုပ်ပါနဲ့လို့ပြောခဲ့ပေမဲ့ သူမကနားမထောင်ခဲ့ဘူး"

"ဒါပေမဲ့ ဒီမိန်းကလေးက ကျေးဇူးကန်းမဲ့ပုံမပေါ်ပါဘူး"

"ဘယ်သူကသိနိုင်မှာလဲ? အရင်ရွေးချယ်ရမှာက မြို့မှာနေထိုင်တဲ့ မိဘအရင်းနှင့် အခြားတစ်ခုက တောမှာနေတဲ့ ဆင်းရဲပြီး စကားမပြောနိုင်တဲ့သူ တကယ်လို့နင်သာဆိုရင်ရောဘယ်သူ့ကိုရွေးချယ်မှာလဲ ဟင်း.. သနားစရာကောင်းလိုက်တဲ့ အဖွားလျှို အထီးကျန်ပြီး အားကိုးရာမဲ့တဲ့ အဘွားကြီးတစ်ယောက်အနေနဲ့ ဒီမိန်းကလေးကို ပြုစုပျိုးထောင်ဖို့ ဆယ်နှစ်ကျော်လောက် ဒုက္ခရောက်ခဲ့တာတောင်ကောင်မလေးကတော့ သူ့ကျေးဇူးကို လုံးဝပြန်မဆပ်ဘဲ သူ့မိဘတွေဆီ ပြန်သွားတော့မယ်။ ဟင်း.. သူမရဲ့ကြိုးစားမှုတွေအားလုံးကအချည်းနှီးဖြစ်သွားတာပဲ"

"အဲ့လိုဆို သူမကောင်းပေးခဲ့သမျှ ဘာအကျိုးမှ​မရှိတော့ဘူးပဲ

သူတို့အတင်းအဖျင်းပြောနေ​ကြတဲ့ မလှမ်းမကမ်းမှာ ပဲ ရှန်းယန်ကရပ်နေခဲ့တယ်။

​လေပြေကသူမရဲ့ခါးလည်ထိရှည်သော အနက်ရောင်ဆံနွယ်တွေကိုတိုက်ခတ်သွားတာကြောင့် လေထဲမှာလွင့်မျောနေသည်။

သူမရဲ့ အသားရည်ဟာ မနာလိုစရာကောင်းလောက်​အာင်​ ဖြူစင်ပြီး အသွင်အပြင်ကလည်းလက်ရာမြောက်စွာလှပနေတယ်။

သူမသည် တိတ်ဆိတ်စွာ ရပ်နေပြီး မထူးခြားတဲ့သူမရဲ့ပုံလေးက ထူးကဲစွာ အံ့သြဖွယ်ကောင်းလောက်အောင်လှပနေခဲ့သည်။

သူတို့ ရှန်းယန်ကိုတွေ့သွားသောအခါ ဝမ်းသာအားရ အတင်းအဖျင်းပြောသော လယ်သမားအမျိုးသမီးများအားလုံး အေးခဲသွားပြီးနောက် ချက်ချင်း လူစုခွဲသွားကြသည်။

Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)Where stories live. Discover now